Extra (3)

5.7K 835 521
                                    

မဟူရာကောင်းကင်ကြီးအောက်က အိမ်ကျဉ်းကျဥ်းလေးထဲမှာ နာရီသံတဂျက်ဂျက်အပြင် ကောင်လေးတစ်ယောက်ရဲ့ သက်ပြင်းချသံ ခပ်ဖွဖွလည်း တောက်လျှောက်ထွက်ပေါ်နေလေသည်။

Jackson တစ်ယောက် နာရီကိုလှမ်းကြည့်လိုက်တော့ ကိုးနာရီသာရှိသေးတာမို့ မအိပ်ချင်‌သေးသလို အားရန်ကို ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့ အတွေးကြောင့်လည်း ကုတင်ပေါ်တောင် တက်မအိပ်နိုင်သေးပေ။

// ဟူးး ငါ့ဘဝကြီးက ဘယ်လိုလုပ်ပြီး ခုလို ကမောက်ကမ ဖြစ်ကုန်ရတာပါလိမ့် //

ငယ်ငယ်ကထဲက ကျွန်တော့်ဘဝဆိုတာ ပျော်ရွှင်မှုတွေနဲ့သာ အတိပြီးခဲ့သလို ရည်မှန်းချက်တွေနဲ့လည်း သာသာယာယာရှိခဲ့ရုံမကဘဲ ‌နောက်လိုက်ပြောင်လိုက်နဲ့ ဖြတ်သန်းခဲ့ရပြီးကာမှ အားရန်နဲ့ တွေ့ပြီးကထဲက ခုလို နေ့ချင်းညချင်း ပြောင်းပြန်တွေဖြစ်ကုန်တာများ ဖြောင့်နေရာကနေတောင် ကွေးသွားရတဲ့အထိပင်။

တစ်အိမ်လုံးမှာ ထိုင်စရာဆိုလို့ တစ်ခုံတည်းသာရှိတဲ့ ခုံပေါ်ကနေ ထရပ်လိုက်ပြီး သူ့ဘေးနား ဖြေးဖြေးချင်းသာ ဝင်လှဲလိုက်ရတော့တယ်။

ခုန တောက်လျှောက် ထိုင်ကြည့်နေကထဲက အားရန်က အရုပ်ချထားသလိုပဲ ငြိမ်ငြိမ်လေး အိပ်နေတာကြောင့် ခေါင်းအုံးအောက်ထဲက သူ့လက်ကို အသာအယာဆွဲထုတ်လိုက်ပြီး စောင်အောက်ထဲထည့်ပေးထားလိုက်ကာ ခပ်တိုးတိုးသာ ဆိုမိတော့သည်။

"အားရန်! ကိုကိုရှိတယ်နော်။ ဘာမှမကြောက်နဲ့တော့။ အခုကစပြီး မင်းကို ဘယ်သူ့မှ မထိစေရပါဘူး"

အားရန် မကြားလောက်ဘူးဆိုတာ သိပေမယ့် သူ့စိတ်ကို တကယ်လုံခြုံစေချင်မိတာ။ အမြဲသန်မာချင်ယောင်ဆောင်နေတဲ့ ဒီကောင်လေးက တကယ့်တကယ်မှာတော့ ကလေးသာသာပဲရှိသေးသလို ထင်သလောက်လည်း သန်မာနေတာမျိုး မဟုတ်ဘူးဆိုတာ ကျွန်တော် အသိဆုံးပါပဲ။

တစ်နေ့ထဲမှာ စိတ်ရှုပ်စရာတွေ အံ့ဩစရာတွေ အများကြီး ကြုံလိုက်ရလို့ထင်ပါရဲ့။ သူများတကာလို ချစ်ရသူနား အိပ်ရလို့ဆိုပြီး ရင်တောင် မခုန်နိုင်တော့တဲ့ အဖြစ်။

Destiny drew us Together [Completed] Dove le storie prendono vita. Scoprilo ora