"မီး မီးလောင်နေပြီ။ Elder ဂျောင်...tent တွေ မီးစွဲနေပြီ"
အော်ဟစ်ပြီး ပြေးလာတဲ့ ဝံပုလွေလေးတစ်ကောင်ရဲ့ စကားကြောင့် အားလုံး ကြည့်လိုက်မိတော့ ခပ်ဝေးဝေးမှာ ရှိနေတဲ့ ညစာစားပွဲခန်းမကနေ နီးစပ်ရာ tent တွေကို မီးစွဲပြီး မီးခိုးတွေ လှိုက်တက်လာတာကို မြင်လိုက်ကြရတာမို့ အကုန်လုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။
"ဘာတုန်းဟ! ရှို့မီးလား"
"မသိဘူး Han Ge ဒါပေမဲ့ မီးက ကူးတာ အရမ်းမြန်တယ်။ ဆောင်းတွင်းကြီးမှာ ခဏလေးနဲ့ အများကြီး မီးစွဲတာ အခု ထိန်းလို့တောင်မရတော့ဘူး"
အလုံးအရင်းလိုက်ကို မီးခိုးတွေ လှိုက်လှိုက်တက်လာတာကြောင့် အသက်ရှူတွေတောင် မဝဖြစ်ကုန်ကြတော့သည်။
"ခုနထဲက Tent တွေထဲမှာ ပြန်နားနေတဲ့သူတွေ ရှိနေတယ်။ အားလုံး မြန်မြန်လေး ကယ်ထုတ်ပြီး တောထဲက ထွက်ကြတော့"
Han Ge အော်လိုက်တာနဲ့ ကွင်းထဲမှ သမန်းဝံပုလွေအားလုံး ပိတ်မိနေတဲ့ tent တွေဆီ အသီးသီး ပြေးထွက်သွားကြတော့သည်။ တချို့ကလည်း အသက်ကြီးနေပြီဖြစ်တဲ့ Elder တွေကို အရင်ကယ်ထုတ်ပြီး တောထဲက အရင်ခေါ်ထုတ်ဖို့ လုပ်နေကြသည်။
Xiaozhan နဲ့ Yibo ကတော့ သူတို့ pack တွေရှိရာ tent တွေဆီ ပြေးသွားကြပြီး ပိတ်မိနေတဲ့ သူတွေကို ကယ်ထုတ်ဖို့လုပ်ကြတော့သည်။
Xiaozhan tent ထဲဝင်လာတော့ပဲ တချို့သမန်းဝံပုလွေလေးတွေက မီးစွဲပြီး ပြိုကျနေတဲ့ တန်းတွေအောက် ပိနေကြတာမို့ အတင်းဆွဲထုတ်ပေးရသည်။ တချို့တွေကလည်း မီးခိုးငွေ့တွေကြောင့် မူးမေ့လဲနေကြပြီ။ Yu Chen ပါ တတ်နိုင်သမျှ လာကူထုတ်ပေးပြီးတာနဲ့ မီးခိုးငွေ့တွေကြောင့် သေတော့မလို ဖြစ်နေတဲ့သူများကို ကယ်ထုတ်ပြီး မြန်မြန်ထွက်လိုက်ရတော့သည်။
"Xiaozhan မင်းပါ မြန်မြန်ထွက်လာတော့။ ဒီ tent အခြေအနေမကောင်းဘူး"
Xiaozhan က ထုပ်တန်းအောက်ပိတ်မိနေတဲ့ ကောင်လေးတစ်ယောက်ကို ကယ်ထုတ်ဖို့ကြိုးစားနေတာမို့ Yu Chen က လှမ်းအော်ပြီး တခြား tent တွေဆီ ပြေးသွားလေတော့သည်။
![](https://img.wattpad.com/cover/234210076-288-k261771.jpg)
ESTÁS LEYENDO
Destiny drew us Together [Completed]
FanficThis is a love story of Werewolf police and Werewolf doctor. . .❤️ Wang Yibo & Xiaozhan (YiZhan fanfiction) Extras are the side story of Jackson and his beauty. ...