Chapter 6

9.5K 1.4K 243
                                    

ဒီနေ့တော့ Yibo တစ်ယောက် overtime မဆင်းရတာမို့ တိုက်ခန်းကို အစောကြီးပြန်ရောက်နေလေသည်။ October ရဲ့ရာသီဥတုက အအေးဓာတ်စဝင်လာပြီမို့ တိုက်တဲ့လေတွေကအစ အေးစိမ့်စိမ့် ဖြစ်နေပြီ။

နာရီကို လှမ်းကြည့်လိုက်တော့ ညစာစားချိန်ရောက်ပြီမို့ ထမင်းစားခန်းသို့ သွားရန်အတွက် ခပ်ပါးပါး အနွေးထည်ကိုသာ ကောက်ဝတ်လာလိုက်ပြီး လှေကားကနေ ဆင်းလာလိုက်တော့သည်။ ကျွန်တော်က အရမ်းအေးတဲ့ဒဏ်ကို သိပ်မခံနိုင်။ ငယ်ငယ်ကဆို ဆောင်းရာသီရောက်ပြီဆိုလျှင် တစ်လ နှစ်ခါလောက်နီးပါး ဖျားနေကျပင်။

တချို့အမှတ်တရတွေက တစိမ့်စိမ့် ပြန်တွေးချင်စရာ၊ တချို့ကတော့ အပြီးတိုင် မေ့ဖျောက်ချင်စရာ၊ သို့သော်ငြား တချို့အရာတွေကတော့ မတွေးချင်လဲ တိုက်ဆိုင်တိုင်း ကျွန်တော်တောင် သတိမထားမိခင် ဦးနှောက်ထဲ ဖျတ်ခနဲ ဝင်လာတတ်တာမျိုး။

ဥပမာ ကျွန်တော်က ခြေဖျားလက်ဖျား လွယ်လွယ်အေးတတ်တဲ့သူမို့ ငယ်ငယ်ကဆို ဆောင်းတွင်းရောက်ပြီဆိုရင် ကျွန်တော့်လက်တွေကို ရှောင်းရှောင်းက သူ့ဗိုက်ထဲ ထည့်ထားခိုင်းတတ်သည်။ မားရောပဲ ထိုသို့ လုပ်ခိုင်းနေကျမို့ အိမ်မှာဆို လက်တွေကို မားဗိုက်ထဲထည့်ထားတတ်ပြီး အတန်းထဲမှာနဲ့ တောထဲသွားဆော့တဲ့အချိန်ဆိုရင် ရှောင်းရှောင်းဗိုက်ထဲထည့်ထားခဲ့ရသည်။ ခြေထောက်တွေကိုတောင် သူ့ဗိုက်ထဲမှာ မဆန့်တော့လို့ မထည့်ခဲ့ရတာ။

နောက်ပိုင်းမှာ ထိုကဲ့သို့ ထည့်စရာလူတွေ မရှိတော့ပြီမို့ အရမ်းအေးလာရင် လက်အိတ်သာ ဝတ်ထားရတော့သည်။ အခု အအေးဓာတ်ကတော့ မဆိုသလောက်လေးသာမို့ အနွေးထည်အိတ်ကပ်ထဲသာ လက်ထည့်ထားပြီး ဆင်းလာနေတုန်း တဝုန်းဝုန်းပြေးတက်လာတဲ့ အလယ်ပိုင်းက ထိုဝံပုလွေကောင်ကို မြင်လိုက်ရသည်။

ကျွန်တော် လှေကားကနေ အပေါ်သို့ တက်လာနေတုန်း အပေါ်ကနေ ဆင်းလာတဲ့ မျက်နှာသေကောင်ကို မြင်လိုက်ရတာကြောင့် သူဆင်းလာနေသော အခြမ်းရဲ့ ဆန့်ကျင်ဖက် တခြားဖက်ဆီသို့ ရွှေ့လိုက်ပြီး ပြောင်းတက်လိုက်သော်လည်း ထိုကောင်ကပါ ကျွန်တော် ရွှေ့လိုက်တဲ့ဖက်သို့ လိုက်ပြောင်းပြီး ဆင်းလာတာကြောင့် ထိပ်တိုက်တွေ့ရပြန်ပြီ။

Destiny drew us Together [Completed] Où les histoires vivent. Découvrez maintenant