Chapter 10

10.3K 1.4K 358
                                    

ဘာလိုလိုနဲ့ January လထဲတောင် ရောက်လာပြီမို့ Beijing မှာဆိုရင် အအေးဆုံးအချိန်လို့တောင် သတ်မှတ်လို့ရနေသည်။ လေစိမ်းတွေတိုက်ရုံတင်မကဘဲ ရေတွေတောင် ခဲစေတဲ့အထိကို အေးစိမ့်နေတဲ့ ရာသီဥတုမျိုး။ အ‌‌ဆောက်အဦးတွေထဲမှာ အနွေးဓာတ်ရှိနေလို့သာ မသိသာပေမယ့် အပြင်မှာဆိုရင် နှင်းတွေတောင် ကျနေတဲ့အချိန်မို့ ကျွန်တော့်လို မအေးတတ်ပါဘူးဆိုတဲ့သူတောင် အအေးမပတ်အောင် နွေးနွေးထွေးထွေးတော့ ဝတ်နေရပြီ။

အပြင်က ရာသီဥတုကသာ အနုတ်ပြနေပေမယ့် ရှောင်ရှောင်းကျန့် ဆိုတဲ့ အလယ်ပိုင်းက သမန်းဝံပုလွေလေး ရင်ထဲမှာတော့ မကြာခင်မှာ Mating season ပွဲအတွက်ရော၊ Energy Source ပြန်လည်ခံယူဖို့ရောအတွက် Eastern Pack သို့ပြန်ရမယ့် ကိစ္စကြောင့် ရင်ထဲမှာ မီးတောက်နေလေသည်။

အလယ်ပိုင်း ခေါင်းဆောင်တစ်ယောက်၏ သားအဖြစ် ကိုယ့်တစ်ဘဝလုံးရဲ့ လက်တွဲ‌ဖော်ကို ရှာတွေ့ဖို့ရန်မှာ မည်မျှအရေးကြီးကြောင်းကို ပါးနဲ့မားဆီကအပြင် ကျဲကျဲဆီကပါ ဖုန်းနဲ့အကြိမ်ကြိမ် ဖိအားပေးခြင်း၊ မျက်ရည်ချူခြင်း၊ အပျော့ဆွဲ မြူဆွယ်ခြင်းကို နေ့စဉ်နဲ့အမျှခံနေရတာမို့ စိတ်ရှုပ်ရသည့်အပြင် ကျွန်တော်ရဲ့ ခြောက်နှစ်နီးပါး အေးချမ်းသာယာနေတဲ့ ဘဝက ဟို‌ရဲကောင် Beijing ကို ရောက်လာကထဲက ‌ငြိမ်းငြိမ်းချမ်းချမ်းကို မရှိရတော့။ အဲ့ကောင် ဘာစိတ်ကူးပေါက်ပြီးများ ရှန်ဟိုင်းက‌နေ Beijing ကိုပြောင်းလာရတာပါလိမ့်။

Jackson ရှိလို့‌ပြောင်းလာတယ်လို့ ပြောတာကြားမိပေမယ့် ကျွန်တော့်မျက်စိထဲတော့ Yibo က Jackson အနားလည်း သိပ်ကပ်ပုံမပေါ်။ Jackson ကို ကျွန်တော်ကတောင် Yibo ထက် ပိုပြီး အဖက်လုပ်ဖြစ်သေးတယ်။ ဒါမှမဟုတ်လည်း  တစ်နေကုန် အလုပ်မှာ‌တော့ Jackson ကို ဂရုစိုက်ချင်လဲ စိုက်မှာပေါ့လေ။

ကျွန်တော့်မှာ သူ့အစ်ကိုကြောင့် အလုပ်မှာ စိတ်ညစ်ရတာ တစ်မျိုး၊ Yibo ကြောင့် အိမ်ကျရင် စိတ်ရှုပ်ရတာ တစ်ဖုံမို့ တစ်နေ့တစ်နေ့ အသက်တောင် မနည်းရှူနေရတာကြောင့် အရင်လိုတောင် သိပ်မစားနိုင်တော့။ ဟိုးအရင်ကလို နှစ်ယောက်ခွဲစာကနေ နှစ်ယောက်စာလောက်သာ စားနိုင်တော့သလို၊ ပန်းသီးလည်း တစ်ပတ်မှာ ခုနစ်လုံးခန့်သာ စားနိုင်တော့တာကြောင့် ကိုယ့်ဘဝကိုယ်တွေးရင်းတောင် စိတ်မကောင်းဖြစ်မိသွားသည်။

Destiny drew us Together [Completed] Where stories live. Discover now