Beijing မြို့ပြရဲ့ ညချမ်းချိန်ကား အပြင်ဖက်၌ နေရာအနှံ့ စည်ကားနေလျက်ရှိသော်ငြား သမန်းဝံပုလွေများစုဝေးနေထိုင်ရာ တိုက်ခန်း၌မူ ညစာစုဝေးစားသောက်ပြီးတာနဲ့ အလျှိုလျှို ကိုယ်ရင်းနှီးရာ သူငယ်ချင်းအခန်းတွေမှာ ရုပ်ရှင်စုကြည့်ကြတာမျိုး၊ အရက်ခိုးသောက်ကြတာမျိုး၊ ဝိုင်းဖွဲ့ပြီး စကားပြောတာမျိုးတွေ လုပ်တတ်ကြလေသည်။
အထူးသဖြင့် Jackson ဆိုလျှင် စားသောက်ပြီးတာနဲ့ Yu Chen အခန်းဖြစ်ဖြစ်၊ Xiaozhan အခန်းမှာဖြစ်ဖြစ် အမြဲအချိန်ဖြုန်းလေ့ရှိသူမို့ ဒီညတော့ Yu Chen ကလည်း night duty ထပ်ကျနေသလို၊ Xiaozhan ကလည်း Mate အခန်းပြောင်းသွားပြီမို့ ဘယ်သူ့အခန်းသွားသောက်ရမလဲဆိုတာ ကောရစ်ဒါမှာ ရပ်ပြီးစဉ်းစားနေလေသည်။
// ငါတို့ဟိုတစ်ခေါက်က အတွဲသွားချောင်းတာကို Lian Ge တွေ့သွားလို့ Yu Chen အဲ့ကောင် တစ်လလုံးရဲ့ night duty တွေများ ဆင်းခိုင်းခံနေရတာလားပဲ //
တကယ့်ကို Yu Chen ကို မျက်နှာတောင် မမြင်ရတာများနေသလို Yibo ကြောင့် Xiaozhan ဆီလည်းသွားမရဖြစ်နေတုန်း တိုက်အောက်ကို ငုံ့ကြည့်လိုက်တော့ တိုက်ကိုမျက်နှာမူထားရာ ဒန်းပေါ်၌ ဟိုအရိုင်းအစိုင်းလေး မျက်လုံးမှိတ်ပြီး မှီအိပ်နေတာတွေ့တာကြောင့် လက်ကဒဏ်ရာလည်း သက်သာသွားပြီမို့ သူ့ကိုပဲ သွားရစ်ဖို့ ဆုံးဖြတ်ပြီး ဆင်းလာခဲ့လိုက်တော့သည်။
ကျွန်တော်အနားရောက်လာတဲ့ထိ သူ အိပ်နေတုန်းမို့ လက်ထဲက ဘီယာဗူးကို သူ့မျက်နှာပေါ် နည်းနည်းလောင်းချလိုက်တော့ မျက်လုံးဖွင့်လာပြီး ဘုကြည့်ပြန်ကြည့်လာတယ်။
"ဟာ! စီနီယာ ဘာလုပ်တာလဲ။ ပေကုန်ပြီ"
"အိပ်ပျော်နေတာလား စမ်းကြည့်တာလေ"
ကျွန်တော့်ကို စိတ်ကုန်နေသလို အကြည့်မျိုးနဲ့ စိုက်ကြည့်လာပြီး သူ့မျက်လုံးတွေ ပြန်မှိတ်သွားပြန်တာမို့ သူ့ဘေးပဲ ဝင်ထိုင်လိုက်ကာ ဒန်းကို ရှေ့နောက် အားကုန်ထိုင်လွှဲနေပစ်လိုက်သည်။ ဒါပေမဲ့လည်း အဖက်တောင်မလုပ်။
"Bai Ran...မင်း ညစာဘာလို့လာမစားတာလဲ"
"....."
"မင်း ညတိုင်း ဒီမှာထိုင်ပြီး ဒီတိုက်ခန်းကြီးကို ဘာလို့ထိုင်ထိုင်ကြည့်နေတာလဲ။ ဘာလဲ...အပိုင်ဝယ်တော့မလို့လား။ နောက်ပြီး ဘာလို့ သူငယ်ချင်းတွေနဲ့ မနေဘဲ တစ်ယောက်တည်း ထိုင်ထိုင်နေတာလဲ"
![](https://img.wattpad.com/cover/234210076-288-k261771.jpg)
YOU ARE READING
Destiny drew us Together [Completed]
FanfictionThis is a love story of Werewolf police and Werewolf doctor. . .❤️ Wang Yibo & Xiaozhan (YiZhan fanfiction) Extras are the side story of Jackson and his beauty. ...