နောက်ဆုံးတော့ ၂ယောက်သားဟာ BaekHyun ရဲ့အင်္ကျီတွေကို ChanYeol ရဲ့ဘီရိုထဲအစီအစဉ်တကျထည့်ခြင်းကို ပြီးစီးသွားလေသည်.. ပြီးတာနဲ့ ChanYeol တစ်ယောက် ဗလာဖြစ်သွားသည့်လက်ဆွဲအိတ်ကို စတိုခန်းထဲထည့်ထားလိုက်တော့သည်.. ပြန်သုံးစရာမလိုသလို မမြင်လေကောင်းလေဆိုသည့် အတွေးနှင့်သာ ..စတိုခန်းတံခါးကိုပိတ်ပြီး BaekHyun ရှိနေသည့်အိပ်ခန်းဆီမသွားသေးပဲ အောက်ထပ်ကိုဆင်းကာ မီးဖိုခန်းဆီသွားလိုက်သည်.. ရေခဲသေတ္တာထဲမှာ ပန်းသီးတွေရှိတာ သူသတိရသွားသည်မို့ BaekHyun အတွက် ပန်းသီးသွားယူခြင်းပါ.. BaekHyun ကပန်းသီးကြိုက်တယ်မလား.. အခုကစပြီး BaekHyun ကြိုက်တာတွေကို တစ်ခုခြင်းစီ ဖြည့်ဆည်းပေးဖို့ ChanYeol တွေးထားသည်..
ပန်းသီးတွေကို ရေဆေးကာယူခဲ့ပြီး အခန်းဆီအရောက် အခန်းထဲမှ BaekHyun ရဲ့စကားပြောသံကိုကြားလိုက်ရသည်.. အခန်းတံခါးက အနည်းငယ်သာဟနေတာမို့ BaekHyun နဲ့စကားပြောနေလဲဆိုတာ ChanYeol သေချာမမြင်ရ..
ရုတ်တရက်..အရင်နေ့က ရေချိုးခန်းထဲ BaekHyun တစ်ယောက်ထဲစကားပြောနေခဲ့ဖူးတာကို သတိရသွားပြီး ပြုံးမိသွားသည်.. ထိုအပြုအမူလေးတွေကအစ ချစ်ဖို့ကောင်းနေသည်လေ..
" ငါအရမ်းပျော်တယ် သိလား"
အခန်းထဲမှ BaekHyun စကားသံလေးကြောင့် ChanYeol ပြုံးမိသည်.. BaekHyun ပျော်ရင် သူလည်းပျော်တာမို့..
" Yeollie~~"
ဘယ်သူလဲ Yeollie က? ChanYeol သိချင်တာကြောင့် အသာလေးအခန်းထဲသို့ချောင်းကြည့်မိသည်.. BaekHyun ဖုန်းပြောနေတာလည်း ဖြစ်နိုင်သည်လေ..
" သူ့ရဲ့အနမ်းတွေက.."
BaekHyun ရဲ့စကားသံထဲကတစ်ဆင့် BaekHyun ပြုံးနေမယ်ဆိုတာ သိသာလွန်းပါသည်.. BaekHyun အပြုံးတွေက သူအမြင်ချင်ဆုံးပါ.. ဒါပေမယ့် ဘယ်သူနဲ့ပြောနေလဲဆိုတာ အရင်သိချင်သည်..
" အရမ်း... နူးညံ့တယ်"
ChanYeol ဘယ်လိုမှထိန်းလို့မရအောင် ပြုံးဖြီးနေပြီဖြစ်သည်.. ဒါဟာ BaekHyun ကသူ့ရဲ့အနမ်းတွေအကြောင်းကို ပြောနေတာမလား.. BaekHyun ကိုနမ်းဖူးတဲ့သူက Park ChanYeol ဆိုတဲ့ သူတစ်ယောက်ထဲရှိသေးတာမလား.. နောက်ထပ်လည်းမရှိစေရပါ..
YOU ARE READING
A Beautiful Bet (2014- Remake 2019)
RomancePark ChanYeol × Byun BaekHyun [ Boy × Boy ] Beautiful Love Story .. began with a bet.. [ Zawgyi + Unicode ]