A Beautiful Bet - 25

461 54 4
                                    


ဒီနေ့ကသောကြာနေ့ပါ.. သောကြာနေ့ဆိုတဲ့အတိုင်းပဲ တစ်ပတ်လုံးရဲ့ပျော်စရာအကောင်းဆုံးနေ့လည်း ဖြစ်လေသည်.. သို့သော် ChanYeol တစ်ယောက်ကတော့မပျော်နိုင်ပေ.. ဘာကြောင့်လဲ.. ဘာကြောင့်လဲဆိုတော့ BaekHyun ကသီချင်းတွေဆိုနေသည်.. တောက်လျှောက်ကိုမရပ်ပဲ သီချင်းညည်းနေတာဖြစ်သည်.. သူမကြိုက်လို့မဟုတ်ပေ.. ကြိုက်လွန်းလို့အခက်တွေ့နေတာဖြစ်သည်.. အခုချိန်မှာ သူ့ရဲ့ချုပ်တည်းနိုင်စွမ်းဟာ ဂိတ်ဆုံးနေပြီဖြစ်သည်.. ဘယ်လိုဆက်လုပ်ရမလဲဆိုတာ သူမစဉ်းစားတတ်တော့ပေ.. အထူးသဖြင့်အခုလိုအခြေအနေမျိုးပေါ့.. ကုတင်ပေါ်မှာအိပ်ရင်းဖုန်းကဂိမ်းကိုဆော့နေချိန် ရုတ်တရက်ရေချိုးခန်းထဲမှ ခေါင်းရေစက်လက်နဲ့ထွက်လာသည့် BaekHyun ရဲ့ပုံစံကြောင့်ပင်.. ချစ်စရာကောင်းသည့်ညအိပ်ဝတ်စုံလေးကလည်းမပါမဖြစ်ပေ..

ရေစိုနေသည့်ဆံပင်တွေရယ်.. သာယာလွန်းသည့် မတိုးမကျယ်သီချင်းညည်းသံလေးရယ်က ChanYeol အား အဆုံးထိရူးသွပ်သွားစေနိုင်သည်.. ရင်ဘတ်ထဲမှာပူလောင်လာသလိုပင်.. သူဘာလုပ်ရမလဲမသိတော့ပေ.. ဒါပေမယ့်.. သူလုပ်လိုက်တာကိုသတိထားမိသွားတဲ့နောက်မှာလည်း နောင်တအကြီးကြီးရမိတော့သည်..

" BaekHyun ah.. မင်းကျေးဇူးပြုပြီးသီချင်းမဆိုလို့ မရဘူးလား? "

သူပြောလိုက်ပြီးခဏမှာပဲ BaekHyun ရဲ့မျက်နှာမှာမဖော်ပြနိုင်တဲ့ နားမလည်မှုလေးဖြစ်သွားသည်.. သို့သော် ချက်ချင်းမျက်နှာလေးအမူအရာပြောင်းသွားတာမို့ ChanYeol ကိုယ့်ပါးစပ်ကိုယ် ပိတ်ရိုက်လိုက်ချင်မိသွားသည်.. BaekHyun စိတ်မကောင်းဖြစ်သွားရပြီ.. BaekHyun ကဘာမှတော့မပြောပေမယ့် သီချင်းလည်းမဆိုတော့ပေ..

" ဟို.."

ChanYeol အမြန်ဖြေရှင်းလိုက်ချင်တာပါ.. သို့သော် ထပ်ပြီးပိုဆိုးအောင်လုပ်မိပြန်သည်..

" ကိုယ်.. ဒီမှာအာရုံစိုက်လို့မရလို့ပါ "

သေစမ်း Park ChanYeol!

BaekHyun ဘာမှမပြောသေးပါ.. သို့သော် ChanYeol အာရုံစိုက်ချင်တယ်လို့ပြောသည့်အရာဟာ ဘာလဲဆိုတာတော့သိချင်သွားသည်မို့ အနားကိုတိုးကာလာကြည့်သည်..

A Beautiful Bet (2014- Remake 2019)Where stories live. Discover now