" ooh~~~ "ချုံပုတ်အကွယ်မှ LuHan ၏အားကျသံတိုးတိုး..
" ငါထင်တောင်မထင်ထားဘူး.. ငါတို့ ChanYeol က..."
" ချစ်တတ်လိုက်တာ .."
KyungSoo ကဖြတ်ပြောလိုက်ခြင်း..
" ကြည့်ရတာ သူ BaekHyun hyung ကိုတော်တော်ချစ်နေပြီထင်တယ်နော် "
SeHun ကပါ ကောက်ချက်ချလာသည်.. ဒါကို KyungSoo က ..
" ကြည့်တာနဲ့မသိဘူးလား.. BaekHyun ကိုဘယ်လောက်ဂရုစိုက်နေသလဲ.. တွေ့တယ်မလား?"
ထိုအခါ LuHan တစ်ခုခုကိုစဉ်းစားနေဟန်ဖြင့် ပြောလာသည်..
" ငါလေ စဉ်းစားလို့ကိုမရဘူး.. ဒီကောင် BaekHyun ကို ဘယ်အချိန်ကတည်းကကြိုက်နေတာလဲ.. အမှန်ဆိုသူငါတို့ကိုပြောသင့်တယ်.. ဘာလို့လဲဆိုတော့ကွာ.. BaekHyun ကငါတို့နဲ့အတန်းတူတာပဲလေ.. ငါတို့ကိုပြောရင် ငါတို့က BaekHyun နဲ့သူ့ကို စောစောစီးစီးအောင်သွယ်ပေးလို့ရနေတာကို.. "
LuHan ပြောစကားကို သိပ်အရေးမပါသည့်ပုံနှင့် KyungSoo ကဝင်ပြောပြန်သည်..
" ငါတို့ဒီထက် အရေးကြီးတာတစ်ခုကို ဘာလို့မစဉ်းစားမိတာလဲ?"
" ဟမ်?"
" BaekHyun ငိုတာလေ.. BaekHyun ကဘာလို့ငိုတာလဲ?"
KyungSoo ရဲ့စကားကို SeHun ကဖျက်သည်..
" ငိုတာမဟုတ်ပါဘူး .. ရှိုက်ရုံရှိုက်နေတာပါ "
LuHan ကတော့ သူထင်တာကိုသူပြောပြန်သည်..
" သူ့မှာဝမ်းနည်းစရာတစ်ခုခုရှိလို့ပဲနေမှာပေါ့.. အဲ့ဒါကိုပဲ ငါတို့ကောင်ကြီးကအရည်ပျော်သွားတာဖြစ်နိုင်တယ်.. မင်းတို့စဉ်းစားကြည့်စမ်း.. Park ChanYeol ဆိုတဲ့ကောင်က လူတွေကိုဖက်ဖို့မပြောနဲ့ အချင်းချင်းဖြစ်တဲ့ငါတို့တောင် တခါတလေရှိတယ်မထင်တာ.. အခုလိုဖက်တွယ်ပွေ့ချီထားဖို့ဆိုတာ ဝေလာဝေး.. ဒါ..ဒီကောင်တော်တော်ကိုကြွေနေတဲ့ပုံ "
ChanYeol ရဲ့သူတို့မမြင်ဖူးတဲ့ပုံစံအသစ်ကို တစ်ယောက်တစ်မျိုးကောက်ချက်ချနေကြသည်.. ထိုအထဲမှာဝင်မပြောသည်က JongIn..
YOU ARE READING
A Beautiful Bet (2014- Remake 2019)
RomancePark ChanYeol × Byun BaekHyun [ Boy × Boy ] Beautiful Love Story .. began with a bet.. [ Zawgyi + Unicode ]