နောက်နေ့မနက်တွင်တော့ ChanYeol တစ်ယောက်ပြုံးရွှင်စွာနဲ့ BaekHyun ၏ locker ဆီကိုလျှောက်လာခဲ့သည်.. သို့သော်သူ့အပြုံးတွေဟာ သိပ်မကြာခင်မှာပဲပျောက်သွားသည်..
အကြောင်းကတော့ locker ရှေ့တွင် BaekHyun ရှိမနေခြင်းကြောင့်ပင်.. ဒါကြောင့်ပဲသူမျက်ခုံးများကိုစုကျုံ့လိုက်ပြီး အလိုမကျဖြစ်မိသည်..
BaekHyun ဘာကြောင့်နောက်ကျနေသနည်း..
စိတ်မရှည်စွာနဲ့ သူ့လက်ကနာရီကိုပြန်ကြည့်မိမှ BaekHyun နောက်ကျနေခြင်းမဟုတ်ပဲ သူကသာစောနေခြင်း..
သူကျောင်းကိုထွက်လာတုန်းက နာရီကိုမကြည့်ခဲ့ရပဲ မနက်နိုးတာနဲ့ရေချိုးအဝတ်အစားလဲကာ ကျောင်းသို့တန်းလာခဲ့သည်.. ဒါကြောင့်စောလားနောက်ကျလားသူမသိခြင်းပါ..
အခုတော့သူက ၁၅မိနစ်ကြီးများတောင်စောနေသည်.. တနည်းအားဖြင့်တော့ BaekHyun အားတွေ့ရဖို့ ၁၅မိနစ်ကြီးတောင်လိုသေးသည်ပေါ့.. အဓိကကသူအတန်းထဲမဝင်ခင် BaekHyun မျက်နှာလေးအားမြင်လိုက်ရဖို့ပဲလေ.. စောင့်ဆိုတော့လည်းစောင့်ရုံပေါ့..
စောသေးတာမို့လူလည်းသိပ်မရှိသေးသည်ကို BaekHyun ၏ locker အားမှီရပ်နေရင်းလိုက်ကြည့်နေမိသည်..
၁၀မိနစ်အကြာတွင်တော့.. အတန်းပေါင်းစုံမှလူများဖြတ်သွားဖြတ်လာလုပ်လာကြသည်.. သူ့ဘေးမှ locker လာထည့်သူများကသူ့ကိုအထူးအဆန်းအနေနဲ့ကြည့်သလို..ဖြတ်သွားသည့်သူတချို့ကလည်း သူ့ကိုမေးခွန်းတချို့နဲ့ကြည့်ကြသည်..
ဘာလဲဟ?? ကိုယ့်ချစ်သူရဲ့ locker မှာမှီပြီးရပ်နေတာ ပြဿနာတစ်ခုဖြစ်သွားလို့လား? အရေးတကြီးလိုက်ကြည့်စရာလိုလို့လား?? သူ့အတွက်ကတော့မထူးဆန်းတဲ့အရာဖြစ်သလို သူ့ကိုအကဲခတ်တဲ့အကြည့်လာတဲ့သူတွေကိုလည်း သူဂရုမစိုက်ပါဘူး..
သိပ်မကြာပါ BaekHyun လျှောက်လာနေတာကိုမြင်သွားတာကြောင့် ChanYeol မှီနေရာမှချက်ချင်းမတ်လိုက်ကာ အပြုံးကြီးတစ်ခုပြုံးလိုက်တော့သည်.. ဟန်ဆောင်အပြုံးမဟုတ်ပဲ နှစ်လိုစွာပြုံးလိုက်ခြင်းပါ..
YOU ARE READING
A Beautiful Bet (2014- Remake 2019)
RomancePark ChanYeol × Byun BaekHyun [ Boy × Boy ] Beautiful Love Story .. began with a bet.. [ Zawgyi + Unicode ]