ChanYeol တကယ်ကြိုးစားခဲ့သည်.. LuHan ကို BaekHyun နဲ့ဝေးဝေးမှာထားဖို့.. သို့သော် ခေါင်းမာလေသူ LuHan ဟာထုံးစံအတိုင်းပင် ChanYeol စကားကိုလျစ်လျှူရှုကာ မျက်နှာပြောင်ပြောင်ပင် SeHun နဲ့အတူ အိမ်သို့အလည်လာလေသည်.. အလည်လာတာကိုသည်းခံလို့ရသေးသည်.. သို့သော် ထိုသို့အလည်လာသောအချိန်ဟာ သူနဲ့ BaekHyun တို့အတူတူ အိပ်ယာထဲမှာထွေးပွေ့ယုယနေရမယ့်အချိန်ဖြစ်နေလေသည်.. သူစိတ်မတိုသင့်ပေဘူးလား .. ဖြစ်နိုင်ရင် သတ်ပစ်ချင်မိသည်အထိ သည်းခံစိတ်ကုန်နေတာဖြစ်သည်.." မင်းငါတို့ကိုမပြောရသေးဘူးနော် .. BaekHyun က ဘယ်လိုဖြစ်ပြီး မင်းဆီရောက်နေရတာလဲ "
LuHan တစ်ယောက် အခွေပုံးကြီးထဲကိုမွှေနေရင်းနဲ့မေးလာသည်.. သူတစ်ယောက်ထဲဆုံးဖြတ်လိုက်သည့် movie night တဲ့လေ.. ChanYeol စိတ်ကိုမနည်းဆွဲဆန့်ရင်း သွားစေ့ကာလေသံတိုးတိုးနဲ့ပြန်ဖြေလိုက်တော့သည်..
" ငါပြောပြီးပြီလေ မင်းကိုမပြောပြနိုင်ပါဘူးလို့ .. တမင်သတ်သတ်မင်းတို့ကိုဖုံးကွယ်ထားတာမဟုတ်သလို မင်းတို့လည်းမဖြစ်မနေသိစရာမလိုဘူး "
မီးဖိုခန်းထဲတွင် BaekHyun လည်းရှိနေသည့်အတွက် ကြားသွားမှာလည်းစိုးရသေးသည်.. တခြားတော့မဟုတ်ပါ.. မဟုတ်တာတွေပဲမေးတတ်သည့် စပ်စုစိန် LuHan ကြောင့် စကားကိုဆင်ခြင်ပြောမှဖြစ်မည်..
" ကောင်းပြီလေ.. ဒါဆိုဘယ်အချိန်မှပြောမှာလဲ "
" ဘယ်တော့မှမပြောဘူး "
ChanYeol ချက်ချင်းပြန်ပြောလေသည်.. SeHun ရေချိုးခန်းဝင်နေသည်မို့သာ သူဒီလိုပြန်ပြောနိုင်တာဖြစ်သည်.. SeHun က LuHan အားပြန်အော်တာမျိုးမကြိုက်ပေ..
LuHan ကလည်းမခံပါ မီးဖိုချောင်ဆီထထွက်သွားသည့် ChanYeol နောက်ကျောကိုကြည့်ကာ လျှာထုတ်ပြောင်ပြလေသည်..
ChanYeol မီးဖိုချောင်ထဲသို့ဝင်လိုက်ချိန် သီချင်းသံလေးကိုကြားလိုက်ရသည်.. တစ်ယောက်ထဲသီချင်းညည်းနေသည့်အသံလေးကပင် တော်တော်လေးနားထောင်လို့ကောင်းနေသည်.. ChanYeol ခြေလှမ်းတွေတောင်ရပ်သွားပြီး မတ်တပ်မေ့သွားသည်.. ဒါဟာ BaekHyun ရဲ့အသံလား .. BaekHyun သီချင်းဆိုတဲ့အသံဟာ ဒီလောက်တောင်နားထောင်လို့ကောင်းသည်လား..
YOU ARE READING
A Beautiful Bet (2014- Remake 2019)
RomancePark ChanYeol × Byun BaekHyun [ Boy × Boy ] Beautiful Love Story .. began with a bet.. [ Zawgyi + Unicode ]