A Beautiful Bet - 7

11.3K 942 10
                                    


ကျန်​တဲ့သူ​တွေကိုသွား​ခေါ်ရာလမ်းတွင်​ ChanYeol သတိထားမိသည်​က BaekHyun နှုတ်​ခမ်း​တွေလှုပ်​ရှားမ​နေတာကိုပါ.. သူကလည်းသီချင်းမှမဖွင့်​ထားမိပဲ​လေ.. ခါတိုင်းဆိုရင်​ ကားထဲမှဖွင့်​သည့်​သီချင်း​လေးကိုလိုက်​ညည်း​နေတတ်​သည့်​ BaekHyun ဟာ ဒီ​နေ့​တော့ပါးစပ်​ပိတ်​​နေတာ​ကြောင့်​ သူမ​နေတတ်​​တော့..

" ဘာသီချင်းနား​ထောင်​ချင်​လဲ?"

ChanYeol ရုတ်​တရက်​​မေးလိုက်​​တော့ BaekHyun လှည့်​ကြည့်​လာကာ..

" ဟင်​? အာ.. ​တော်​ပါပြီ..ရတယ်​ "

အပြုံး​လေးနဲ့ငြင်းဆန်​သည်​.. ChanYeol ကလည်း ဒါမျိုးဆိုလက်​မခံပါ..

" မရပါဘူး.. တစ်​ခုခု​ပြော .. ဘာသီချင်းလဲ?"

ထိုအခါ BaekHyun သက်​ပြင်းဖွဖွချရင်း ပြန်​​မေးသည်​..

" hmmm... ငါ​ပြောတဲ့သီချင်း မင်းဆီမှာရှိမှာမို့လို့လား?"

" နာမည်​​ပြော​လေ "

" အင်္ဂလိပ်​သီချင်း​နော်​ "

" ​ပြောမှာသာ​ပြောပါ.. ဘယ်​သီချင်းမဆို ကိုယ်​ဖုန်းထဲမှာရှာလိုက်​လို့ရတယ်​ "

" အင်း~~~ Bruno Mars ရဲ့ Nothing On You သီချင်း.. ရှိလား?"

ChanYeol မျက်​ခုံးအသာပင့်​မိသည်​.. အ​ကြောင်းက ထိုသီချင်းသူ့ထံတွင်​မရှိ၍မဟုတ်​.. BaekHyun ၏အင်္ဂလိပ်​အသံထွက်​​ကောင်း​နေတာမို့ သူအံဩသွားမိခြင်းပါ..

" အင်း..​ရော့.. ဖုန်းထဲမှာရှာကြည့်​လိုက်​ "

ChanYeol ကား​မောင်း​နေရင်းပဲ သူ့ဖုန်း​လေးကို BaekHyun အား ​ပေးလိုက်​သည်​..

BaekHyun လှမ်းယူကာ သီချင်းရှာ​နေစဉ်​ ChanYeol ထပ်​​ပြောမိသည်​..

" BaekHyun ah.. မင်းအသံထွက်​အရမ်း​ကောင်းတာပဲ​နော်​.. "

" ဟင်​? "

သူ​ပြောတာကိုရုတ်​တရက်​နားမလည်​သလိုနှင့်​ မျက်​ခုံး​လေးပင့်​ကာ ပြန်​​မေးပြီး​နောက်​မှ သ​ဘော​ပေါက်​သွားသလိုနဲ့..

" ​အော်​... အဲ့ဒါက​တော့ အ​လေ့အကျင့်​လုပ်​ထားရင်​ မင်းလည်းအသံထွက်​​ကောင်းမှာပါပဲ.. အင်္ဂလိပ်​သီချင်း​တွေများများနား​ထောင်​.. ရုပ်​ရှင်​​တွေကြည့်​​ပေး.. သူတို့​ပြောပုံဆိုပုံ​တွေကို မှတ်​ထားပြီး ပြန်​​လေ့ကျင့်​ရင်​ မ​ကောင်းစရာဘာမှမရှိဘူး.. "

A Beautiful Bet (2014- Remake 2019)Tempat cerita menjadi hidup. Temukan sekarang