ChanYeol ကျောင်းဆောင်တစ်လျှောက် ဟိုဟိုဒီဒီကြည့်ကာ BaekHyun အားရှာပါသော်လည်းမတွေ့.. ရုတ်တရက်ကြီးထပြေးသွားတဲ့ BaekHyun.. အဆင်ပြေရဲ့လားသူသိချင်မိသည်..ရုတ်တရက်လှစ်ခနဲမြင်လိုက်ရတဲ့အရိပ်လေး.. ယောက်ျားလေးသန့်စင်ခန်းရှိရာဆီပြေးသွားတာ သူမြင်လိုက်တာမို့အမြန်ပြေးလိုက်ရသည်.. ထိုကျောပြင်လေးဟာ BaekHyun မှန်းသူသိသည်လေ..
ChanYeol သန့်စင်ခန်းရှေ့ရောက်သော်.. အထဲမှကြားလိုက်ရသည့်အသံကြောင့် မဝင်သေးပဲရပ်ကာနားစွင့်လိုက်မိသည်.. BaekHyun ရဲ့အသံဟာ .. သူနဲ့စကားပြောရင်မပွင့်တပွင့်နဲ့မို့ သိပ်ရှင်းရှင်းလင်းလင်းမကြားရပေ..
အခုတော့အထဲက BaekHyun ရဲ့အသံဟာ အတော်အတန်ကျယ်နေတာမို့ သူရှင်းလင်းစွာကြားနေရသည်..
" wae? wae? wae? Urghh.. ရှက်လိုက်တာ.. ဘာကြောင့်သူ့ရှေ့မှာမှလဲ?? "
BaekHyun တစ်ယောက်မှန်ထဲမှပုံတူကို စူးစူးစိုက်စိုက်ကြည့်ရင်း ရန်တွေ့နေမိသည်.. မှန်ကိုကြည့်ပြီးစကားပြောတတ်သည့် သူ့အကျင့်အရ အခုလည်းစိတ်ညစ်စရာကို မှန်ထဲမှကိုယ့်ပုံကိုယ်ကြည့်ရင်း ဖြေဖျောက်ရသည်..
ChanYeol နားထောင်နေရင်း ကြားနေရသည်က BaekHyun တစ်ယောက်မကျေမနပ်စကားပြောနေသည့်အသံများမို့ သူအသာပြုံးကာ အထဲဝင်သွားရမလား.. အပြင်မှာပဲရပ်စောင့်ရမလား ဝေခွဲမရဖြစ်နေစဉ်.. ခြေထောက်တို့ကပြတ်သားစွာ toilet ထဲလှမ်းဝင်နေပြီ..
သူအပေါက်ဝကနေအထဲကို အသာလေးလှမ်းဝင်ရင်း လူလုံးထွက်မပြသေးပဲ အခြေအနေကိုအရင်ဆုံး ချောင်းကြည့်ရသည်..
ခေါင်းလေးပြူကာချောင်းကြည့်တော့ မြင်လိုက်ရသည်က ဘေစင်တွင်လက်ထောက်ကာရပ်နေသည့် BaekHyun..
ဘေးတိုက်အနေအထားနှင့်မြင်နေရသည့် BaekHyun ၏ခန္ဓကိုယ်မှာ ပိန်ပိန်ပါးပါး အရပ်ပုပုဆိုပေမဲ့.. BaekHyun ဝတ်ထားသည့်ကျောင်းဘောင်းဘီဟာ ဂျင်းအသားအကျပ်ဖြစ်တာမို့ BaekHyun ရဲ့ခြေထောက်ကိုကောင်းကောင်းကြီး ကွက်ကွင်းစွာမြင်ရသည်လေ..
YOU ARE READING
A Beautiful Bet (2014- Remake 2019)
RomancePark ChanYeol × Byun BaekHyun [ Boy × Boy ] Beautiful Love Story .. began with a bet.. [ Zawgyi + Unicode ]