" baby သိလား.. ကိုယ်ထင်တာတော့ ChanYeol..."" ရှူး...ဟိုမှာတွေ့လား?"
စကားကောင်းနေသည့် JongIn အား တိတ်တိတ်နေရန် KyungSoo အချက်ပေးလိုက်ပြီး တစ်နေရာကိုလက်ညှိုးထိုးပြသည်..
" အိုး.. တွေ့တော့လည်းမြန်သားပဲ .."
JongIn ရေရွတ်နေတုန်း KyungSoo ကလက်ကိုဆွဲချကာ ချုံပုတ်အကွယ်လေးတစ်ခုမှာထိုင်ချလိုက်သည်.. သူတို့သက်တောင့်သက်သာချောင်းနိုင်မယ့်နေရာမျိုးပေါ့ .. ChanYeol တို့နဲ့အနီးကပ်ကြီးမဟုတ်တော့ အသံမကြားရပေမယ့် ဘာလုပ်သလဲဆိုတာတော့ ကောင်းကောင်းမြင်နိုင်ပါသည်..
JongIn ကထိုင်ပြီးတာနဲ့ ရေခဲမုန့်ဗူးကိုဖွင့်သည်.. KyungSoo ဗူးကိုပါဖွင့်ပေးသည်.. KyungSoo ကတော့ ရှေ့မှမြင်ကွင်းအား သေချာကြည့်နေသည်..
" ငါတို့ဒီကိုခဏခဏလာတယ်.. ဒီလိုနေရာကိုဘာလို့မသိတာလဲ.. နေရာလေးကကောင်းလိုက်တာ.. သာယာတယ် "
လူတွေထက် ရှုခင်းသာယာပုံကိုသဘောကျနေသည့် KyungSoo.. မျက်လုံးဝိုင်းဝိုင်းတွေက သဘောကျပြီဆို လိုသည်ထက်ပိုဝိုင်းနေသည်.. ရေခဲမုန့်ဗူးဖွင့်ပေးထားတာမစားသေး၍ JongIn ကပဲခွံ့လိုက်ရသည်..
KyungSoo သဘောကျသည့်နေရာလေး.. တောင်ကုန်းလေးတစ်ခုပါပဲ.. စိမ်းစိမ်းစိုစိုမြက်ပင်တွေနှင့် သဘာဝအလျောက်ပေါက်သည့် ပန်းပင်လေးတွေ.. အပင်တိုင်းမှာပွင့်နေသည့် ပန်းပွင့်အရောင်စုံနဲ့ လိပ်ပြာလေးတွေကူးလူးနေကြသည်မှာ ပန်းချီကားတစ်ချပ်လိုပင်.. ညနေခင်းအချိန်မှာတောင် ဒီလောက်လှတာ.. မနက်နေထွက်ချိန်ဆို ဘယ်လောက်တောင်လှလိုက်မလဲ..
ဒီလိုနေရာကို ChanYeol ကသိနေပြီး BaekHyun ကိုခေါ်ပြသည့်အတွက် ပထမဆုံးအကြိမ် BaekHyun အပေါ်အားကျမနာလိုဖြစ်မိသည်.. ပန်းပင်လေးတွေ မြက်ပင်လေးတွေကိုစိတ်လှုပ်ရှားစွာ လိုက်လံထိတွေ့သဘောကျနေသည့် BaekHyun အား ChanYeol ကပြုံးကာကြည့်နေတာကိုမြင်ရတော့ .. KyungSoo လည်းပြုံးမိသည်.. ChanYeol ချစ်တတ်လာပြီလေ..
ESTÁS LEYENDO
A Beautiful Bet (2014- Remake 2019)
RomancePark ChanYeol × Byun BaekHyun [ Boy × Boy ] Beautiful Love Story .. began with a bet.. [ Zawgyi + Unicode ]