ChanYeol သူ၏လက်မောင်းဆီမှ ဖျစ်ညှစ်ဆုပ်ကိုင်ခံရမှုကြောင့်နိုးလာခဲ့သည်.. အမှောင်ထုထဲဖြစ်နေတာကြောင့်မျက်လုံးတို့ကိုမနည်းဖွင့်ရင်း အခြေအနေကိုအာရုံစုလိုက်ရသည်.. ထိုစဉ်မှာပဲသူ့နံဘေးမှ BaekHyun တစ်ယောက်အိပ်နေရင်း ကယောင်ခြောက်ခြားတုန်လှုပ်နေမှုကိုမြင်လိုက်ရသည်.. မြင်မြင်ချင်းသူကိုယ်တိုင်လည်းတုန်လှုပ်သွားသည်.. မျက်လုံးများမပွင့်ပဲ BaekHyun တစ်ယောက်ပါးစပ်မှယောင်ရမ်းနေသည်.. မသဲမကွဲမို့ ChanYeol သေချာနားစိုက်ထောင်မိတော့ .. * Tao * နှင့် * မဟုတ်ဘူး..မသွားနဲ့ * ဆိုတာတွေချည်းသာ..BaekHyun အိပ်မက်ဆိုးတွေမက်နေပုံရသည်.. တစ်စုံတစ်ခုကိုကြောက်လန့်ပြီးတုန်လှုပ်နေတာ.. သူ့လက်မောင်းကိုခပ်တင်းတင်းဆုပ်ကိုင်ထားသည်မှာလည်း တစ်စုံတစ်ယောက်အားလွတ်ထွက်မသွားအောင် တားဆီးနေသည့်ပုံ.. သို့သော်လည်း နောက်ဆုံးမှာကိုယ့်လက်ထဲကထွက်သွားတာကြောင့် သည်းထန်စွာငိုကြွေးနေရသည့် BaekHyun ရဲ့ပုံစံလေးကိုကြည့်ပြီး ChanYeol ရင်ထဲတင်းကြပ်လာသည်.. ဘယ်လိုမှမခံစားနိုင်အောင်နာကျင်လာသည်.. သူဆက်ပြီးမကြည့်နိုင်တော့တာမို့ အိပ်ရာမှထထိုင်ကာ BaekHyun ရဲ့ပခုံးလေးနှစ်ဖက်အား ညင်သာစွာလှုပ်ပြီးနှိုးလိုက်တော့သည်..
" BaekHyun.. .... ထဦး.. "
BaekHyun ရဲ့ယောင်ရမ်းသံတွေဟာရပ်သွားပေမယ့် သူခေါ်လိုက်တာကိုသေချာကြားပုံမရ.. မနိုးသေးတာကြောင့် ChanYeol အသံနည်းနည်းမြှင့်ကာထပ်ခေါ်လိုက်သည်.. သုံး..လေးကြိမ်လောက်ခေါ်လိုက်မှ BaekHyun အသိစိတ်ဝင်လာကာမျက်လုံးတို့လည်းပွင့်လာခဲ့သည်..
ChanYeol အသက်ပင်ကောင်းကောင်းမရှူရဲသည်အထိ BaekHyun ရဲ့ငိုကြွေးထိတ်လန့်မှုကသူ့ကိုပါထိတ်လန့်နေစေသည်.. မျက်လုံးများပွင့်လာတယ်ဆိုသော်လည်း BaekHyun ထပ်ငိုဦးမည်လားဆိုတဲ့ စိုးရိမ်စိတ်ကအဆင်သင့်နေသည်.. ထိုစဉ် BaekHyun ဟာသူ့ကိုမြင်သွားပြီး ရုတ်တရက်ဆိုသလိုသူ့ရင်ခွင်ထဲတိုးဝင်လာသည်.. ခပ်တင်းတင်းဖက်ထားသည်မှာ နောက်ဆုံးအသက်မျှင်ကလေးကိုဆွဲဖမ်းထားသလိုပင်..
YOU ARE READING
A Beautiful Bet (2014- Remake 2019)
RomancePark ChanYeol × Byun BaekHyun [ Boy × Boy ] Beautiful Love Story .. began with a bet.. [ Zawgyi + Unicode ]