နေ့လည်ထမင်းလက်ဆုံစားပွဲလေးကအပြန် SeHun တစ်ယောက်က လမ်းသွားရင်းတွေ့လိုက်သည့် ရိုးရာဓလေ့တစ်ခု၏ပျော်ပွဲရွှင်ပွဲတစ်ခု၏ ဈေးရောင်းပွဲတော်ကိုမြင်တွေ့သွားကာ လိုက်ပို့ရန်ပူဆာသည်.. ကားပေါ်မှလူတွေအကုန် ChanYeol နှင့် BaekHyun ကလွဲ၍လေးယောက်လုံးကသွားချင်နေကြတာမို့ ChanYeol လိုက်ပို့ဖြစ်ခဲ့ပါသေးသည်..ထိုပွဲလေးတွင်ပစ္စည်းမျိုးစုံရောင်းရာ SeHun နှင့် LuHan တို့ကတော့စုံတွဲပစ္စည်းလေးတွေဝယ်ကြသည်.. JongIn နှင့် KyungSoo သည်လည်းအတူတူပင်.. တိုလီမုတ်စဆင်တူလေးတွေဝယ်ကြသည်.. ဆင်တူခွက်လေးတွေကိုရွေးနေကြသည်..
ChanYeol စားသောက်ဆိုင်မှာကတည်းက စာရွက်အစုတ်မှစာတိုစုအားဘဝင်မကျဖြစ်နေခဲ့သော်လည်း အချိန်ကြာကြာမူပျက်နေလို့မကောင်းတာမို့ သူထိုကိစ္စအားခဏမေ့ထားလိုက်ကာ.. သူ့မျက်နှာအရိပ်အကဲကိုကြည့်ပြီး မျက်နှာပျက်ချင်သလိုဖြစ်နေသည့် BaekHyun ကိုသာဂရုစိုက်ပေးလိုက်သည်..
ဆင်တူညဝတ်အင်္ကျီလေးတွေရောင်းသည့်နေရာသို့ ChanYeol သွားကြည့်သည်.. ထိုအင်္ကျီလေးတွေကိုသူဝယ်ချင်သည်..သို့သော်ဆင်တူအင်္ကျီတို့ထုံးစံအတိုင်း အမျိုးသားနဲ့အမျိုးသမီးစုံတွဲတွေအတွက်သာရှိနေသည်.. သူနဲ့ BaekHyun အတွက်ဆင်တူဝယ်ရန်အဆင်မပြေတော့ သူစိတ်ထဲမှထိုဆိုင်အားကြိမ်ဆဲနေမိသေးသည်..
ရုတ်တရက် ChanYeol အကြံရသွားကာ BaekHyun အား သူသဘောကျနေသည့်ညဝတ်အင်္ကျီလေးတွေဆီ ဆွဲခေါ်လာခဲ့သည်.. အဝါရောင် spongebob pajama လေး.. စုံတွဲဆင်တူဝတ်ရသည့်ဝတ်စုံလေး.. အင်္ကျီမှာလက်တိုဖြစ်တာမို့ နွေဦးနဲ့နွေရာသီညတွေဆိုဝတ်လို့အဆင်ပြေမည်..
ChanYeol ချက်ချင်းပဲအင်္ကျီဆိုဒ်ကိုကြည့်လိုက်သည်.. နောက်ဆုံးတော့သူပင်ပင်ပန်းပန်းနဲ့ရှာလိုက်တာ အကျိုးရှိသွားပုံပင်.. ထိုအင်္ကျီလေးဟာ BaekHyun နဲ့အတော်ပဲဖြစ်နေသည်.. ဒါကြောင့်ပဲချက်ချင်းငွေရှင်းဖို့ပြင်လိုက်သည်.. ဘေးကနေ သူ့အတွက်သူ့ဟာသူရှင်းပါမယ်လို့ဝင်ပြောတဲ့ BaekHyun စကားအား ChanYeol နားမထောင်ပါ
YOU ARE READING
A Beautiful Bet (2014- Remake 2019)
RomancePark ChanYeol × Byun BaekHyun [ Boy × Boy ] Beautiful Love Story .. began with a bet.. [ Zawgyi + Unicode ]