တိရစ္ဆာန်ရုံထဲရောက်ရောက်ချင်း အရင်ဆုံးလုပ်ဖြစ်တာကတော့ ရေခဲမုန့်ဆိုင်တွင်တန်းစီခြင်းပါ.. ရောင်းကောင်းနေသည့်ရေခဲမုန့်ဆိုင်လေးတွင် တန်းစီနေသူများလည်းရှိနေသည်.. ကျောင်းပိတ်ရက်လည်းဖြစ်နေတော့ လူတွေစည်ကားနေသည်လေ.. သူတို့ရဲ့ရှေ့မှာကို ကလေးရောလူကြီးပါတန်းစီနေတာ ၇ယောက်လောက်ရှိပါသည်.. အကြာကြီးတန်းစီရမှာမို့ ChanYeol ကိုတစ်ယောက်ထဲထားခဲ့ကာ BaekHyun ကတော့ toilet သွားလေသည်.." ဟိတ်!"
ChanYeol လှည့်ကြည့်လိုက်သည်.. အသံဟာသူ့နောက်ကျောမှလာတာမို့ လှည့်ကြည့်မိရာမိန်းကလေးသုံးယောက်.. ပွင့်ပွင့်လင်းလင်းပြောရရင်ဗရုတ်သုတ်ခတွေနဲ့တူသည်.. ဝတ်စားထားသည်မှာလည်း သုံးယောက်လုံးစကတ်ပေါင်ပြတ်တွေနှင့်.. အင်္ကျီလည်းထို့အတူပင်လုံလုံခြုံခြုံဆိုတာ သူတို့မသိသည့်အရာအတိုင်းပင်..
ChanYeol ချက်ချင်းပဲရှေ့ကိုပြန်လှည့်ကာ မသိချင်ယောင်ဆောင်နေလိုက်သည်..
ရုတ်တရက်ဆိုသလိုပဲ ခုနကသူ့ကိုခေါ်လိုက်သည့်မိန်းကလေးဟာ သူ့ရှေ့ကိုဘွားခနဲရောက်လာကာ ကလူသလိုလိုမြူသလိုလိုနှင့် သူ့ရင်ဘတ်ပေါ်သူမလက်လာတင်ကာ မြူဆွယ်တော့သည်.. ChanYeol စိတ်ထဲထောင်းခနဲဒေါသထွက်သွားကာ သူမကိုလည်းရွံရှာစိတ်ပျက်သွားမိသည်..
" ဘာလဲ..ရှင်ကကျွန်မလိုသိပ်လန်းတဲ့မိန်းကလေးကို လျစ်လျူရှုတယ်ပေါ့လေ?"
ချွဲပစ်အီနေသည့်အသံဟာသူ့နားထဲတွင်တော့ အော်ဂလီဆန်ချင်စရာပင်.. သူ့အင်္ကျီကိုလည်းဆွဲကိုင်ထားတာသူမအပိုင်လို..
" ငါမင်းကိုလျစ်လျှူရှုတာမဟုတ်ပါဘူး "
ကိုယ့်ဘက်ကမရိုင်းအောင်ပြန်ဖြေလိုက်ပေမယ့် ChanYeol ဖြစ်နိုင်လျှင်ဒီနေရာမှထွက်သွားချင်ပြီ.. သူမကိုကြည့်ရသည်မှာ အသက်နှစ်ဆယ်ဝန်းကျင်လောက်ရှိပုံရသည်.. သို့သော်သူဒါတွေကိုအာရုံမစိုက်ပါ.. ရေခဲမုန့်ဝယ်ပြီး BaekHyun ရောက်လာရင် အတူတူပျော်ပျော်ပါးပါးတိရစ္ဆာန်လေးတွေသွားကြည့်ကြမည်.. ငါးတွေကလွဲလို့ပေါ့..
YOU ARE READING
A Beautiful Bet (2014- Remake 2019)
RomancePark ChanYeol × Byun BaekHyun [ Boy × Boy ] Beautiful Love Story .. began with a bet.. [ Zawgyi + Unicode ]