A Beautiful Bet - 29

400 28 9
                                    

Zawgyi

" ChanYeol.."

သူတို့ ညစာစားလို့ပြီးခါနီးအချိန်​မှာပဲ BaekHyun က သူစဉ်းစား​နေသည့်​အရာကို​ပြောဖို့ ဆုံးဖြတ်​လိုက်​သည်​..

" humm? "

BaekHyun ​ပြောဖို့ဆုံးဖြတ်​ပြီးသားဆို​ပေမယ့်​ ChanYeol မျက်​နှာကိုကြည့်​ပြီး ​ပြောဖို့အတွက်​​တော့ အင်​အားမရှိသလိုဖြစ်​​နေသည်​.. နှုတ်​ခမ်း​လေးကို ခပ်​ဖွဖွကိုက်​ကာ ChanYeol အား မဝင့်​မရဲ​လေးကြည့်​လိုက်​သည်​.. ပြီးမှ ​ဖြေး​ဖြေးချင်း​ပြောလိုက်​​တော့သည်​..

" ဟို.. ငါ စဉ်းစား​​နေတာပါ.. အခု ဟိုလူကြီးလည်းမရှိ​တော့ဘူး​လေ.. ငါအိမ်​ပြန်​သင့်​ပြီလို့ထင်​တယ်​ "

ထိုစကားကြား​တော့ ChanYeol လက်​ထဲကကိုင်​ထားတဲ့ခက်​ရင်း လွတ်​ကျသွား​လေသည်​.. ပြီး​တော့ BaekHyun အား ဝမ်းနည်း​ဆွေး​မြေ့စွာ​ငေးကြည့်​လိုက်​​တော့သည်​.. သူမယုံနိုင်​ဖြစ်​သွားတာပါ.. BaekHyun နဲ့အတူ​နေရတဲ့ရက်​​လေး​တွေက ဘယ်​​လောက်​မှမရှိ​သေး​ပေမယ့်​ အရမ်းကို​ပျော်​ရွှင်​ခဲ့ရတဲ့အတွက်​ အခုလို​နေ့မျိုး​ရောက်​လာမယ်​ဆိုတာကို သူမ​တွေးထားခဲ့မိတာပါ.. ဟုတ်​လည်းဟုတ်​ပါတယ်​​လေ သူက BaekHyun ကိုစိတ်​မချလို့ သူနဲ့အတူ​နေဖို့​ခေါ်လာခဲ့သည်​ပဲမလား.. ဒါ​ပေမယ့်​ ဒီအချက်​ကိုသူလက်​မခံချင်​​ပေ..

" ဘာဖြစ်​လို့လဲ? "

BaekHyun လည်း သူ့လက်​ထဲကခက်​ရင်းကို ပန်းကန်​ထဲပြန်​ချထားလိုက်​ပြီး ​လေးပင်​စွာ ChanYeol ကိုကြည့်​လိုက်​သည်​..

" ငါ.."

ဝမ်းနည်းရိပ်​သမ်း​နေတဲ့ ChanYeol မျက်​နှာကို သူကြာကြာမကြည့်​နိုင်​​ပေ..

" ငါ့ရဲ့အိမ်​ကလည်းအခုလုံခြုံသွားပြီ​လေ မင်း​ကျေးဇူးနဲ့.. အဲ့ဒါ​ကြောင့်​ ငါဒီအိမ်​မှာဆက်​မ​နေသင့်​​တော့ဘူးထင်​တယ်​.. မင်းကိုငါ့​ကြောင့်​အ​နှောင့်​အယှက်​ဖြစ်​မှာစိုးတယ်​ "

" BaekHyun.. မင်းကဘာလို့ကိုယ့်​အတွက်​ အ​နှောင့်​အယှက်​ဖြစ်​ရမှာလဲ.. မင်းဒီအိမ်​မှာအတူရှိ​နေတဲ့အ​တောအတွင်း ကိုယ်​အရမ်း​ပျော်​ခဲ့ရတယ်​.. အဲ့လို​တွေမ​တွေးပါနဲ့.. မင်းရဲ့အိမ်​ကိုလည်းပြန်​စရာမလိုပါဘူး "

You've reached the end of published parts.

⏰ Last updated: Aug 29, 2022 ⏰

Add this story to your Library to get notified about new parts!

A Beautiful Bet (2014- Remake 2019)Where stories live. Discover now