ChanYeol ရဲ့အိမ်ကိုရောက်တော့ ChanYeol ရှေ့မှဝင်ကာ BaekHyun အတွက်တံခါးဖွင့်ပေးလိုက်သည်.. BaekHyun အိမ်မှာဖြစ်ပျက်ခဲ့သည့်အခင်းကြီးအား သူတို့စိတ်ထဲမှာမေ့ပျောက်လုနီးပါးဖြစ်နေသော်လည်း ကားထဲမှာဖြစ်ခဲ့သည့်အခင်းကတော့ သူတို့ကိုကမောက်ကမဖြစ်နေစေသေးသည်..
သူ့အကြည့်ကိုတည့်တည့်ရင်မဆိုင်သေးသည့် BaekHyun ကြောင့် သက်တောင့်သက်သာဖြစ်စေမည့်အနေအထားကို ChanYeol တွေးရသည်.. BaekHyun သူ့အားရှက်နေခြင်း ရှိန်နေခြင်းလည်းမရှိစေချင်.. ညအိပ်ချိန်လည်းရောက်နေပြီမို့ လောလောဆယ်သူတို့လိုအပ်တာ အနားယူဖို့ပင်..
အိမ်ထဲကိုရောက်တော့ ChanYeol အရင်စကားစသည်..
" ကိုယ် ရေသွားချိုးလိုက်ဦးမယ်.. မင်းအဆင်ပြေသလိုနေနော်.. သက်တောင့်သက်သာပေါ့ ကိုယ့်အိမ်လိုသဘောထား..ဟုတ်ပြီလား?"
BaekHyun ခေါင်းညိတ်ပြအပြီး ChanYeol လှေကားကနေအပေါ်ကိုတက်သွားသည်.. ChanYeol ရဲ့အိပ်ခန်းဆီကိုဖြစ်လိမ့်မည်.. BaekHyun ကတော့ ဧည့်ခန်းမှာသာကျန်ခဲ့သည်.. ChanYeol အိမ်ရဲ့ဧည့်ခန်းအား ပတ်ပတ်လည်ကြည့်နေလိုက်သည်..
သူ့အိမ်လိုမဟုတ်ပဲ ChanYeol ရဲ့အိမ်ဟာပိုကျယ်ပြီးကြီးသည်.. တံခါးမကြီးနဲ့ဧည့်ခန်းကိုစင်္ကြံတစ်ခုနဲ့ဆက်ထားသည်.. ထိုစင်္ကြံအတိုင်းလျှောက်လာမှ ဧည့်ခန်းကိုမြင်ရသည်..
ဧည့်ခန်းထဲတွင်ချထားသည့် အဖြူရောင်ဆက်တီကြီးနှစ်ခုပေါ်တွင် လိမ္မော်ရောင်ခေါင်းအုံးလေးထောင့်လေးများသပ်ရပ်စွာရှိနေသည်.. ကော်ဖီဖျော့ရောင်ကျွန်းစားပွဲကြီးကတော့ ဧည့်ခန်းရဲ့အလယ်မှာရှိပြီး အမွေးထူထူအိအိနဲ့ကော်ဇောကတော့ထိုစားပွဲကြီးရဲ့အောက်မှာ စားပွဲအရောင်အတိုင်းတင့်တယ်စွာရှိနေသည်..
ထိုအသုံးအဆောင်တွေရဲ့ရှေ့မှာတော့ မျက်နှာပြင်ကျယ်ကျယ်ဈေးလည်းကြီးမည့်ပုံရသည့် တီဗီကြီးတစ်ခုကိုသစ်သားဘီရိုနဲ့တင်ထားသည်.. စာအုပ်တချို့နဲ့ဓာတ်ပုံမှန်ဘောင်လေးများလည်းရှိနေသည်..
YOU ARE READING
A Beautiful Bet (2014- Remake 2019)
RomancePark ChanYeol × Byun BaekHyun [ Boy × Boy ] Beautiful Love Story .. began with a bet.. [ Zawgyi + Unicode ]