BaekHyun ရဲ့ အိပ်မက်ဆိုးမက်တာကြီး ထပ်ဖြစ်ပြန်ပါသည်.. သို့သော် အခုချိန်ကညနေ နေဝင်စအချိန်ဖြစ်သည်.. တစ်နေ့လည်လုံး သူတို့ဖက်ရင်းအိပ်ပျော်သွားကြပြီး ညနေမှလူးလူးလှိမ့်လှိမ့်ဖြစ်လာသည့် BaekHyun ကြောင့် ChanYeol နိုးလာခြင်းဖြစ်သည်..အိပ်မက်ဆိုးမက်တယ်ဆိုပေမယ့် အရင်နေ့ကလို လန့်နိုးပြီးအသည်းအသန်ငိုတာမျိုးတော့ မဖြစ်တော့ပေ.. အနည်းငယ်လူးလွန့်ရင်း ChanYeol ရင်ခွင်ထဲပိုတိုးဝင်ကာ ခပ်တင်းတင်းဖက်ခိုင်းသည်.. ChanYeol လည်း ချက်ချင်းဖက်ထားကာ ကျောကိုခပ်ဖွဖွပွတ်ရင်း ချော့မြူပေးလိုက်လေသည်.. ထိုအခါမှသာ BaekHyun ပြန်အိပ်ပျော်သွားလေသည်..
ဒီတစ်ခါလည်း Tao အကြောင်းပဲဖြစ်သည်.. Tao ဆိုသည့်တစ်ယောက်နဲ့ပတ်သတ်ပြီး BaekHyun ခံစားနေရတာကို သူကုစားပေးချင်သည်.. သို့သော် သူကိုယ်တိုင်က Tao အကြောင်းကိုမသိသူမို့ ခက်ရပါသည်..
အိပ်မက်ဆိုးမက်တိုင်း ဒီလိုလေးဖက်ထားပေးရင် ရတယ်ဆိုပေမယ့် ကြာလာရင် BaekHyun ရဲ့ ကျန်းမာရေးကို ထိခိုက်လာနိုင်သည်.. ပြီးတော့ BaekHyun ထိုသို့ဝမ်းနည်းပြီးငိုကြွေးတာမျိုးနဲ့ စိတ်မကောင်းဖြစ်နေတာမျိုးကို သူမကြည့်ရက်ပေ..
ဒါကြောင့်လည်း သူအတတ်နိုင်ဆုံး ထိုသို့မဖြစ်အောင် BaekHyun ကိုကာကွယ်သွားမည် ..
~~~~~~
" မင်းကအိမ်ထဲအောင်းရတာ မကြိုက်ဘူးထင်တယ် ဟုတ်လား? "
ကားပေါ်တွင်ဝင်ထိုင်လိုက်ပြီးနောက် BaekHyun က စကားစလေသည်.. အခုသူတို့ BaekHyun လုပ်ကျွေးတဲ့ နေ့လည်စာစားပြီး တစ်နေရာရာကိုသွားမလို့ဖြစ်သည်.. ထိုနေရာလေးကို သူတို့နှစ်ယောက်လုံးနှစ်သက်ပါသည်..
" အဲ့လိုမဟုတ်ပါဘူး ကိုယ်အိမ်ထဲမှာနေရတာလည်း ကြိုက်တယ် ဒါပေမယ့် မင်းကိုတမင် အပြင်ခေါ်သွားချင်လို့ "
ChanYeol ပြန်ဖြေရင်း BaekHyun လက်လေးကိုဆွဲယူကာ ဆုပ်ကိုင်လိုက်သည်..
" ပျင်းနေမှာစိုးလို့ ပျော်သွားအောင်လို့ "
BaekHyun ဘာမှမပြောတော့ပေ .. ChanYeol ထိုသို့ပြုမူပြောဆိုတိုင်း သူရှက်မိသည်.. ရင်လည်းခုန်ရသည်.. ChanYeol နဲ့အတူတူသာဆိုရင် သူဘယ်ကိုပဲလိုက်ရလိုက်ရပါ
YOU ARE READING
A Beautiful Bet (2014- Remake 2019)
RomancePark ChanYeol × Byun BaekHyun [ Boy × Boy ] Beautiful Love Story .. began with a bet.. [ Zawgyi + Unicode ]