" ကျနော်ကအဲ့လောက်တောင်ဖြစ်နေလို့လား? "
သူ့အားအကြောတင်းဟုပြောသည့် LuHan အားကြည့်ကာမေးလိုက်သည်.. သူရည်းစားမထားတာပဲ အကြောတင်းတယ်ဖြစ်ရသေးသည်..
" မဟုတ်လို့လား? မင်းကိုငါတို့ရှာခိုင်းတာပဲလေ.. မင်းဟာမင်းဟိုဟာအကြောင်းပြ ဒီဟာအကြောင်းပြနဲ့ အကုန်လုံးအပြစ်ရှာလို့ကိုမပြီးတော့ဘူးလေ.. "
LuHan ကပြန်ပြောပြီး လက်ကနာရီကိုတချက်ကြည့်ကာ..
" Omo.. မြန်မြန်စားကြတော့ ၁၅မိနစ်ပဲကျန်တော့တယ်.. SeHun ah.. ရော့ .. အာ..."
LuHan သွက်လက်ပုံကတော့ဘယ်သူမှမမှီပါ.. အခုလည်းသူ့ချစ်သူ SeHun အားမြန်မြန်စားလို့ပြီးစေရန် ကိုယ်တိုင်ခွံ့ကျွေးနေသည်လေ.. ဒါကိုကြည့်ပြီး JongIn ကထရယ်သည်..
" ဟားဟား.. သားအမိတွေရောက်နေတယ် ..သားလေးကောင်းကောင်းစားနော် "
JongIn လှောင်တော့ SeHun ဒေါသထွက်ရပြန်သည်.. JongIn ကလည်းဒါကိုလိုချင်လို့ပဲ တမင်လိုက်ကြည့်ကာစခြင်းပါ..
" ဘာဖြစ်လဲ? Hyung ကငါ့အတွက်အမေလည်းဟုတ်တယ် ချစ်သူလည်းဟုတ်တယ်.. hyung ပြောစကားကိုငါကနားထောင်တော့ hyung ကငါ့ကိုပိုချစ်ပြီး ခွံ့ကျွေးတာ.. သူများတွေလိုမဟုတ်ဘူး .. blah .."
SeHun ဒီတခါတော့ပြောစရာအကွက်ရှိနေတာကြောင့် ပြန်ချေပလိုက်သည်..
" ဟွန့်.. မင်းမှမဟုတ်ဘူး.. ငါ့ကိုလည်း ငါ့ babe ကနေ့တိုင်းခွံ့ကျွေးတယ်.. ဟုတ်တယ်နော်?"
JongIn လည်းအပြောမခံပဲ ဘေးက KyungSoo အားစစ်ကူတောင်းကာပြောလေတော့သည်.. KyungSoo ကတော့ မထောက်ခံပဲမျက်စောင်းလေးသာထိုးပစ်လိုက်သည်..
" မင်းကိုငါစိတ်ဆိုးမပြေသေးဘူးနော်.. ငါ့ကိုစကားလာမပြောနဲ့.. ဒီလောက်ခွံ့ကျွေးစေချင်နေရင် လက်သီးတော့ရမယ်.. စားမှာလားပြော?"
လက်သီးဆုပ်လေးပါရွယ်လာတော့ JongIn သွားလေးဖြဲပြကာ..
" ဟီး.. တော်ပြီ စားတော့ဘူး.. ဗိုက်ဝပြီ "
YOU ARE READING
A Beautiful Bet (2014- Remake 2019)
RomancePark ChanYeol × Byun BaekHyun [ Boy × Boy ] Beautiful Love Story .. began with a bet.. [ Zawgyi + Unicode ]