" မနက်စာအဆင်သင့်ဖြစ်ပြီ.. စားလို့ရပြီ "အပြုံးလေးနဲ့ပြောလာသည့် BaekHyun အား ChanYeol လည်းချက်ချင်းပြန်ကာပြုံးပြလိုက်ပါသည်.. ဒီအပြုံးတွေပေါ့.. သူ့အတွက်မရှိမဖြစ်လိုအပ်နေတဲ့အရာလေးက..
သုံးယောက်သားမီးဖိုချောင်ဆီပြန်ဝင်သွားလိုက်တော့ KyungSoo ကပန်းကန်တွေကိုနေရာချနေသည်.. JongIn အနားကပ်သွားပြီး KyungSoo ၏တင်ပါးအားကျီစယ်သည့်သဘောနဲ့ရိုက်လိုက်ရာ KyungSoo ကလည်းပြန်ရိုက်သည်.. လက်မောင်းကိုပါ.. သူဟာ JongIn လိုနှာဘူးမှမဟုတ်ပဲ.. လူရှေ့မရှောင်အကျင့်ပါနေသည့် JongIn ကိုလည်းဆုံးမရဦးမည်.. ဆုံးမလည်းရမှာမဟုတ်တာသူပဲသိသည်..
KyungSoo က BaekHyun နံဘေးတွင်ဝင်ထိုင်ပြီး JongIn နဲ့မျက်နှာချင်းဆိုင်ဖြစ်သွားသည်..
" စားကြမယ် "
KyungSoo ရဲ့လက်ရာဟာသူတို့အားလုံးထဲတွင်အကောင်းဆုံးမို့ KyungSoo ချက်ကျွေးတာဆိုရင် ငြင်းမည့်သူဘယ်သူမှမရှိ.. ဒီတစ်ချက်တော့ Kim JongIn ကံကောင်းသွားပါသည်..
ChanYeol စားနေရင်း မျက်နှာချင်းဆိုင်မှ BaekHyun စားနေတာလေးကိုကြည့်နေမိသည်.. တစ်စက္ကန့်မှအကြည့်မရွေ့ရဲ.. အကြည့်လွှဲလိုက်မိတာနဲ့ BaekHyun ပျောက်ကွယ်သွားမှာစိုးနေသည့်အလား.. စားပွဲခုံအောက်မှသူ့ခြေထောက်တို့က BaekHyun ဆီတရွေ့ရွေ့သွားပြီးဖမ်းချုပ်ထားဖို့ပြင်လိုက်သည်.. အရင်တစ်ခေါက်ကလည်းထိုသို့လုပ်ဖူးပေမယ့် အခုအခြေအနေနဲ့မတူပေ.. အခုကသူတို့ခြေထောက်များမှာဘာမှမဝတ်ထားပဲ အသားချင်းထိနိုင်တာမို့ ChanYeol ခြေမထိပ်ဟာ BaekHyun ခြေထောက်လေးဆီစူးစမ်းသွားလာနေသည်..
ရုတ်တရက်ခြေချောင်းထိပ်တွေအားလာထိတာကိုခံစားမိတဲ့ BaekHyun.. တစ်ကိုယ်လုံးကြက်သီးထသွားသလိုခံစားလိုက်ရသည်.. သို့သော်ဒါဟာ ChanYeol လုပ်နေခြင်းမှန်းသိနေတာမို့ သူငြိမ်နေလိုက်တော့သည်.. BaekHyun ခြေဖမိုးလေးအားအသာပွတ်သပ်နေသည့် ChanYeol ခြေဖဝါး..
YOU ARE READING
A Beautiful Bet (2014- Remake 2019)
RomancePark ChanYeol × Byun BaekHyun [ Boy × Boy ] Beautiful Love Story .. began with a bet.. [ Zawgyi + Unicode ]