မနက်မိုးလင်းချိန်မှာတော့ BaekHyun ကအရင်နိုးလာခဲ့ပါသည်.. ညတုန်းကအိပ်ခဲ့သည့်အတိုင်း ပုံစံမပျက်လေးရှိနေသေးသည့်အတွက် သူရင်အေးသွားသည်.. အိပ်ယာပေါ်တွင်လှိမ့်ကာအိပ်တတ်သည့် ကိုယ့်အကြောင်းကိုယ်အသိဆုံးပေမို့..အခုလို ChanYeol ရင်ခွင်ထဲတွင်ရှိနေရသည့်ခံစားချက်ဟာ လုံခြုံနွေးထွေးမှုကိုအပြည့်ရသည်.. အပူအပင်ကင်းစေသည်.. ခေါင်းကိုငုံ့လိုက်ကာ သူ့ခါးတစ်ဝိုက်သိုင်းကာဖက်ထားသည့် ChanYeol ၏နွေးထွေးတောင့်တင်းသည့် လက်များကိုငုံ့ကြည့်မိသည်.. ChanYeol မနိုးသေးဘူးဆိုတာခံစားမိတာကြောင့် ထိုလက်များကိုအသာဖွဖွပွတ်သပ်ကြည့်မိသည်.. လက်ဖျံတစ်လျှောက်အကြောစိမ်းများပေါ်ကာ ကြွက်သားတစ်ချို့လည်းရှိနေပြီး BaekHyun နဲ့ယှဉ်ရင်ကြီးမားနေပေမယ့် သူကြိုက်သည်.. ChanYeol ရဲ့အရာအားလုံးကိုသူသဘောကျသည်..
" Ummm.."
ရုတ်တရက်ညည်းညူသံနဲ့အတူ BaekHyun လည်ဂုတ်တစ်ဝိုက်လေပူတစ်ချို့ဖြတ်သန်းသွားတာကြောင့် သူကြက်သီးထသွားသည်.. စိတ်တွေလှုပ်ရှားနေသည်မှာ ရူးသွားစေနိုင်သည်.. ထိုအချိန်မှာပဲ ChanYeol ရဲ့အသံဩဩဟာ နားရွက်အနားမှကပ်ကာကြားလိုက်ရသည်..
" Good Morning "
BaekHyun သတိမထားလိုက်မိခင်မှာပဲ ChanYeol ရဲ့လက်တွေကိုဖျစ်ညှစ်လိုက်မိသည်.. နောက်မှစိတ်တည်ငြိမ်အောင်ထိန်းကာ ပြုံးပြရင်း မနက်ခင်းနှုတ်ဆက်စကားကိုပြန်ဖြေလိုက်သည်..
အဲ့ဒီနောက်အိပ်ယာထဖို့ BaekHyun ပြင်လိုက်ပေမယ့် ChanYeol ကလွှတ်မပေးပဲခါးကိုပိုတင်းအောင်ဖက်ပြီး ရင်ခွင်ထဲနှစ်ထားလေသည်.. အလိုမကျသည့်အသံအနည်းငယ်နဲ့အတူ သူ့အားဟန့်တားနေတာမို့ အသာငြိမ်နေပေးလိုက်ပြီး.. ခဏအကြာမှာတော့အသံတွေတိတ်သွားလေသည်.. ChanYeol ပြန်အိပ်ပျော်သွားလေသလား လှည့်ကြည့်မိတော့ ဟုတ်ပါသည်.. ChanYeol ပြန်အိပ်ပျော်သွားပါပြီ.. လွှတ်ပေးမှာမဟုတ်သည့်အတွက် BaekHyun လည်းမျက်လုံးများမှိတ်ကာ ပြန်အိပ်ဖို့ဆုံးဖြတ်လိုက်တော့သည်..
YOU ARE READING
A Beautiful Bet (2014- Remake 2019)
RomancePark ChanYeol × Byun BaekHyun [ Boy × Boy ] Beautiful Love Story .. began with a bet.. [ Zawgyi + Unicode ]