A Beautiful Bet - 22

523 56 6
                                    


နောက်တစ်နေ့မနက်အိပ်ရာနိုးတော့ BaekHyun ဟာအိပ်ယာကိုသိမ်းရင်း ChanYeol ရေချိုးခန်းထဲကထွက်လာမှာကို စောင့်နေသည် .. အိပ်ယာကကြီးတာမို့ သူ့အတွက်နည်းနည်းတော့ပင်ပန်းလေသည်.. ပုံမှန်ဆိုအိပ်ယာခင်းများလိုက်သိမ်းရတာမခက်ပေမယ့် မနေ့ညကရာသီဥတုဟာ အနည်းငယ်ပူတာမို့ နှစ်ယောက်သားလုံးစောင်တွေကို ကန်ထုတ်ပစ်ခဲ့ကြသည် .. ဒါကြောင့်ပဲပြန့်ကြဲနေသည့် စောင်နဲ့အိပ်ယာခင်းများကို လိုက်ကောက်ကာသိမ်းနေရတာမို့ ပိုအလုပ်ရှုပ်လေသည်.. သို့သော်.. ရာသီဥတုဘယ်လောက်ပင်ပူပါစေ ChanYeol ဟာ BaekHyun အားသူ့ရင်ခွင်ထဲမှာသာ အိပ်စက်စေသည်..

BaekHyun ဟာအခုထိ ညအိပ်ဝတ်စုံလေးကိုမလဲရသေးပေ.. သူတို့ဝယ်ထားသည့်ဆင်တူအင်္ကျီများထဲမှ တစ်စုံကိုဝတ်ထားခြင်း.. ထိုဝတ်စုံလေးများကိုဝတ်ပြီး ထွက်လာချိန်ဆို ChanYeol မျက်နှာတွင်ပီတိပြုံးကြီးများကို BaekHyun သတိထားမိလေသည်.. ChanYeol ဘာကြောင့်ဒီလောက်ပျော်ရွှင်သွားမှန်း သူသေချာမသိသော်လည်း ChanYeol ပျော်ရင်သူလည်းပျော်လေသည်..

" ဟင် .. နိုးနေပြီလား "

ရေချိုးခန်းထဲမှထွက်လာသော ChanYeol က ပြုံးရွှင်စွာမေးလာသည်..

" Morning "

BaekHyun ကတော့ အိပ်ယာခင်းတွေနဲ့အလုပ်ရှုပ်နေတာမို့ ပြန်လှည့်မကြည့်နိုင်ပဲဖြေလိုက်လေသည်.. ကုတင်ပေါ်တွင်ကုန်းကုန်းကွကွနှင့် အိပ်ယာခင်းစများကို လိုက်ဆွဲနေလေသည်.. ထိုအိပ်ယာခင်းစဟာ သူဒီဘက်ကဆွဲလျှင် ဟိုဘက်ကရွေ့သွားလေသည်.. ဒီလိုနဲ့တိုင်ပတ်နေသည်.. ကုတင်ကကြီးသည်ကိုး..

ထိုအရာကိုကြည့်နေသည့် ChanYeol က အူယားစွာကြိတ်ရယ်နေသည်.. အိပ်ယာခင်းစနဲ့အလုပ်ရှုပ်နေသည့် BaekHyun ဟာ သူဆင်ပေးထားတဲ့ညအိပ်ဝမ်းဆက်လေးနဲ့ သိပ်ကိုချစ်ဖို့ကောင်းနေပါသည်.. ကြာကြာဆက်ကြည့်နေရင်တစ်ခုခုလုပ်ပစ်မိတော့မည်..

ChanYeol အနားသို့လျှောက်သွားကာ BaekHyun အားဖက်ရန်ပြင်လိုက်ပေမယ့် BaekHyun ကတော့ လေးဖက်လေးထောက်ကာ  တစ်ဘက်ကအိပ်ယာခင်းစကိုသွားဆွဲဖို့ပြင်နေသည်

သူမနေနိုင်တော့တာမို့ လေးဖက်ထောက်သွားနေသည့် BaekHyun အားလှမ်းဆွဲလိုက်ရာ ခြေမျက်စိလေးမှဖမ်းဆွဲမိသွားသည်.. ရုတ်တရက်မို့ BaekHyun မျက်လုံးလေးများပြူးကာ လန့်သွားလေသည်.. ထိုမှတစ်ဆင့်ထပ်ဆွဲလိုက်မှ အကောင်ပေါက်လေးဟာ သူ့ရင်ဘတ်ပေါ်ပစ်ကျလာပြီး သူကတော့ ကုတင်ပေါ်ပက်လက်လန်ကျသွားလေသည်..

A Beautiful Bet (2014- Remake 2019)Where stories live. Discover now