''1''

24.4K 1.3K 35
                                    

ဗန်ဗိုင်းယားတွေရဲ့တည်ရှိမှုက ပုံပြင်တစ်ပုဒ်လား ၊ တကယ်လားဆိုတာတော့ ယခုအချိန်အထိအဖြေမရှိသေးပေ ။ ယနေ့ခေတ်လူသားတွေက ဗန်ဗိုင်းယားတွေနဲ့ပတ်သတ်တဲ့ ဆောင်းပါးတွေ ၊ မှတ်တမ်းတွေကို စိတ်ဝင်တစားရှာဖွေလာကြပြီး ဇာတ်လမ်းအမျိုးမျိုးဆင်ကာ လူတွေစိတ်ဝင်စားအောင် ရိုက်ကူးပုံဖော်လာကြတယ် ။

လူတွေသိထားကြတာက ဗန်ဗိုင်းယားတွေက နေအလင်းရောင်ကိုကြောက်ရွံကြပြီး လင်းနို့တွေလို ညဘက်ကျမှအမဲလိုက်တယ်ဆိုတာပဲ ။ တော်တော်များများသိချင်နေကြတဲ့ အမေးတစ်ခု ။ ဗန်ဗိုင်းယားတွေ ကိုက်တာခံလိုက်ရတဲ့လူက ဗန်ဗိုင်းယားအဖြစ် ​ပြောင်းလဲသွားနိုင်သလား? ။ အင်း ! ဖြေရခက်တဲ့မေးခွန်းပဲ ။

တစ်ချို့ဇာတ်လမ်းတွေကတော့ ဗန်ဗိုင်းယားကိုက်တာခံလိုက်ရတာနဲ့ ဖုန်မှုန့်အဖြစ်ပျောက်ကွယ်သွားကြပြီး တစ်ချို့ကတော့ ဗန်ဗိုင်းယာအဖြစ် ​ပြောင်းလဲသွားတယ်လို့ ရိုက်ပြထားတယ် ။ ဒါပေမဲ့ဇာတ်လမ်းအများစုမှာတော့ ဗန်ဗိုင်းယားတွေရဲ့သွေးက လူတစ်ယောက်ရဲ့ကိုယ်ထဲရောက်သွားတာနဲ့ အဲ့ဒီလူက ဗန်ဗိုင်းယားအဖြစ်ပြောင်းသွားတယ် ။

ဗန်ဗိုင်းယားတွေနဲ့ပတ်သတ်ပြီး လူတွေထပ်ပြီးစိတ်ဝင်စားတဲ့ အရာတစ်ခုလည်းရှိသေးတယ် ။ ဒါကတော့ ဗန်ဗိုင်းယားတွေရဲ့ဘုံရန်သူဖြစ်တဲ့ သမန်းဝံပုလွေတွေပဲ ။ သမန်းဝံပုလွေဆိုတာက ဗန်ဗိုင်းယားတွေကို အမဲလိုက်ဖို့အတွက် သဘာဝတရားကြီးက ဖန်းတီးပေးလိုက်တဲ့ သက်ရှိမျိုးစိတ်တစ်ခု ။

ဗန်ဗိုင်းယားတွေက သမန်းဝံပုလွေကိုက်တာခံလိုက်ရတာနဲ့ ပြန်လည်ကုသလို့မရပဲ သေဆုံးသွားကြတယ် ။ သမန်းဝံပုလွေက ဗန်ဗိုင်းယားတွေလိုပဲ အလွန်လျှင်မြန်စွာလှုပ်ရှားနိုင်ပြီး သူတို့လက်သည်းကအဆိပ်တွေနဲ့ အစွယ်ကအဆိပ်တွေက ဗန်ဗိုင်းယားတွေအတွက် အိမ်မက်ဆိုးဖြစ်တယ် ။

သမန်းဝံပုလွေတွေရဲ့သွေးကို သယ်ဆောင်ထားတဲ့လူတွေက လပြည့်ညတိုင်းအသွင်းပြောင်းပြီး ဗန်းဗိုင်ယားတွေကို လိုက်လံသတ်ဖြတ်ကြတယ် ။ ဗန်ဗိုင်းယားတွေက သမန်းဝံပုလွေတွေကို လွန်စွာကြောက်ရွံကြတာမို့ စုန်းမလို့ခေါ်တဲ့ မျိုးနွယ်စုတစ်ခုကို အကူအညီတောင်းခဲ့တယ် ။

Found You { Who Am I } [ Completed ] Where stories live. Discover now