" မင်း... မင်းကလည်း သူတို့လိုပဲလား? "
ရှောင်ကျန့်က သူ့ရှေ့ကဝမ်ရီပေါ်ကို တုန်ယင်နေတဲ့အသံတွေနဲ့မေးလိုက်တယ် ။ သူတကယ် လက်မခံနိုင်သေးဘူး ။ ဗန်ဗိုင်းယားတွေက စိတ်ကူးယဉ်တွေမဟုတ်ပဲ အပြင်မှာတကယ်ရှိနေတယ်ဆိုတာကို ။ သူကို သွေးစုပ်ဖို့ကြိုးစားလာကြတယ်ဆိုတာကို ။ အဆိုးဆုံးကတော့ သူက ဗန်ဗိုင်းယားတစ်ကောင်နဲ့ မျက်နှာချင်းဆိုင်ပြီး စကားတွေထိုင်ပြောနေတာပဲ ။
ဝမ်ရီပေါ်က မိုးရေထဲမှာကြွက်စုပ်တစ်ကောင်လို ဖြစ်နေတဲ့သူ့ကိုပွေ့ချီပြီး အိမ်အထိလိုက်ပို့ပေးခဲ့တယ် ။ အဲ့ဒီနောက်သူ့ရဲ့တစ်ကိုယ်လုံးကို ရေတွေနဲ့လောင်းချပြီး ရေချိုးစေတယ် ။ ရှောင်ကျန့်က အဲ့ဒီအချိန်အထိ ဘာမှမတုန့်ပြန်နိုင်ခဲ့ဘူး ။ သူ့ရဲ့အဝတ်အစားတွေ ဆုတ်ဖြဲခံလိုက်ရတော့မှ သတိပြန်ဝင်လာခဲ့တယ် ။ ဝမ်ရီပေါ်ကိုမောင်းထုတ်ခဲ့ပေမဲ့လည်း မကြားချင်ယောင်ဆောင်နေတဲ့အတွက် ဘာမှမတက်နိုင်တော့ ။
ဝမ်ရီပေါ်က သူရေချိုးနေတုန်း သူစားဖို့ခေါက်ဆွဲတွေပြုတ်ပေးထားပြီး စားပွဲပေါ်မှာအဆင်သင့်ထိုင်စောင့်နေတယ် ။ သူကိုတွေ့တော့ သူ့အနားကိုလျှင်မြန်စွာရောက်လာပြီး သူ့ခါးတွေကိုဖက်ကာ ထိုင်ခုံမှာဝင်ထိုင်စေတယ် ။ ပြီးတာနဲ့သူ့ကို မျက်တောင်မခတ်ကြည့်လို့နေတယ် ။ ရှောင်ကျန့်က ဘယ်လိုလုပ်ရမလဲမသိတော့ဘူး ။ ဝမ်ရီပေါ်က သူ့ကိုအန္တာရာယ်မပေးဘူးဆိုသိပေမဲ့ အနည်းငယ်တော့ကြောက်နေမိတုန်းပဲ ။
" အင်း ကျွန်တော်ကလည်း သူတို့လိုဗန်ဗိုင်းယားပဲ ။ ဒါပေမဲ့ သူတို့လိုတော့ ဆရာကိုမလုပ်ပါဘူး ။ ဘာလို့လဲဆိုတော့ ဆရာက ကျွန်တော့်အတွက် အရေးကြီးတယ်လေ ။ ''
ဝမ်ရီပေါ်ကမေးထောက်ပြီး သူ့ကိုဆိုလာတယ် ။မျက်လုံးတွေကတော့ သူရဲ့နှုတ်ခမ်းတွေမှာ ။ ရှောင်ကျန့်က ချောင်းတစ်ချက်ဟန့်ပြီး ဆက်ပြောလိုက်တယ် ။
" သူတို့က ငါ့ကိုပြောတယ် ငါ့မှာပိုင်ရှင်ရှိတယ်တဲ့ ။ အဲ့တာကဘာအဓိပ္ပါယ်လဲ ။ ငါက ဘာလို့ပိုင်ရှင်ရှိရမှာလဲ ။ ငါက ဗန်ဗိုင်းယားတွေနဲ့ တစ်ခါမှမပတ်သတ်ဖူးဘူး ။ ဘယ်လိုလုပ်.... ''
YOU ARE READING
Found You { Who Am I } [ Completed ]
FanfictionStart Date - 15 May 2021 End Date - 11 Jun 2021 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]