''14''

6.2K 1K 10
                                    

ရှောင်ကျန့်ရဲ့တစ်ကိုယ်လုံးက မိုးရေတွေနဲ့စိုရွှဲနေပြီး နှုတ်ခမ်းတွေကလည်းပြာနှမ်းနေတယ် ။ အိမ်ကို ဘယ်လိုပြန်ရောက်လာလဲတောင်မသိတော့ ။ သူက ဘာလို့ဒီလောက်အထိခံစားနေရတာလဲ ။ သူက ဝမ်ရီပေါ်ကိုချစ်မိသွားခဲ့တာလား ။ အဲ့တာကြောင့်မို့ သူ့ရဲ့နှလုံးသားက အခုလိုမခံမရပ်နိုင်ဖြစ်နေရတာလား ။ အဟက်! ရှောင်ကျန့် မင်းကအရူးပဲ ။ မင်းက ကိုယ့်ကိုအထင်ကြီးနေတာ ။ တကယ်တော့ မင်းက အစားထိုးခံရတဲ့အရုပ်တစ်ရုပ်ထက်မပိုဘူး ။

ရှောင်ကျန့်က ကိုယ့်ကိုပြန်လှောင်လိုက်တယ် ။ ဝမ်ရီပေါ်က သူရဲ့ပုံစံကိုတွေ့တော့ သူ့အနားကိုအပြေးရောက်လာပြီး စိုးရိမ်တကြီးမေးလာတယ် ။ ဟန်ဆောင်ကောင်းလိုက်တာ ။ သူကတော့ သူ့ကိုဂရုစိုက်တယ်ဆိုပြီး ပျော်နေလိုက်ရတာ ။ ယုံကြည်ပေးလိုက်ရတာ ။ တကယ်တော့ အကုန်လုံးကအတုအယောင်တွေတဲ့လား ။

" မိုးရွာနေတယ်လေ ထီးဆောင်းမှပေါ့ ။ ကလေးလည်းမဟုတ်တော့ဘူး ။ ''

ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့စိုရွှဲနေတဲ့ကိုယ်လေးကိုပွေ့ချီကာ ရေတွေသုတ်ပေးလိုက်ပြီး အဝတ်တွေလဲပေးလိုက်တယ် ။ ရှောင်ကျန့်က ဘာစကားမှမပြောပဲ သူလုပ်ပေးသမျှကို ငြိမ်ငြိမ်လေးခံနေတယ် ။ ဝမ်ရီ​ပေါ်က ရှောင်ကျန့်ရဲ့ဆံနွယ်တွေကိုနမ်းရှိုက်ကာ ရှောင်ကျန့်ရဲ့လည်ပင်းသားလေးတွေကို လက်ချောင်းလေးတွေနဲ့ ခပ်ဖွဖွလေးထိတွေ့နေတယ် ။

" ဘာဖြစ်လို့လဲဟင် ? မျက်နှာလည်း မကောင်းပါလား ''

ရှောင်ကျန့်က ဘာမှပြန်မပြောပေ ။ အဝေးတစ်နေရာကိုပဲငေးကြည့်နေတယ် ။ ဝမ်ရီပေါ်က သက်ပြင်းချလိုက်ပြီး ရှောင်ကျန့်ရဲ့ကိုယ်လေးကို သူ့ပေါင်ပေါ်ဆွဲယူကာ သူ့ကိုကြည့်စေတယ် ။

" ဆရာ ဘာတွေဖြစ်နေတာလဲဟင်? ကျွန်တော့်ကို မပြောပြချင်ဘူးလား ။ ''

" ရပ်လိုက်ကြရအာင် ''

"..........''

" ဝမ်ရီပေါ် ငါ မင်းနဲ့မပတ်သတ်ချင်တော့ဘူး ။ ငါတို့ဒီမှာပဲရပ်လိုက်ကြရအောင် ''

ဝမ်ရီပေါ်က တစ်ကိုယ်လုံးတောင့်ခဲသွားတယ် ။ ရှောင်ကျန့်က ဘာဖြစ်သွားတာလဲ ။ သူတို့မနေ့ကအထိ အဆင်ပြေနေတယ်လေ ။ ရှောင်ကျန့်က ရုတ်တရက်ကြီးဘာလို့ပြောင်းလဲသွားတာလဲ ။ ရှောင်ကျန့်က သူ့ရဲ့ကိုယ်ပေါ်ကနေ ထသွားဖို့ပြင်နေတယ် ။ ဝမ်ရီပေါ်ကခွင့်မပြု ။ သူက ရှောင်ကျန့်ရဲ့ခါးတွေကို တင်းနေအောင်ဖက်ပြီး တုန်ယင်နေတဲ့အသံတွေနဲ့​မေးလိုက်တယ် ။

Found You { Who Am I } [ Completed ] Where stories live. Discover now