ဝမ်ရီပေါ်က ရှောင်ကျန့်ပြန်လာမဲ့အချိန်ကို ဒီအတိုင်းထိုင်စောင့်မနေနိုင်ဘူး ။ အဲ့တာကြောင့်မို့အရဲစွန့်ပြီး တိတ်တိတ်လေးလိုက်လာခဲ့တယ် ။ ဒါပေမဲ့အဝေးမှာပဲနေတယ် ။ သူရဲ့အနံ့ကိုရသွားလို့မဖြစ်ဘူးလေ ။ အဲ့ဒီအချိန်ကျရင် ဒုက္ခရောက်မှာက သူတစ်ယောက်တည်းမဟုတ်ဘူး ။ ရှောင်ကျန့်ပါပါသွားလိမ့်မယ် ။ ရှောင်ကျန့်က သူ့ကိုဖွက်ပေးထားခဲ့တဲ့လူ ။
ဝမ်ရီပေါ်ရဲ့အကြားအာရုံက အလွန်ထူးခြားတယ် ။ ဘယ်လောက်ဝေးကွာတဲ့ အကွာအဝေးဖြစ်ဖြစ် သူကြားချင်တယ်ဆိုရင်ကြားနိုင်တယ် ။ ဒါကဗန်ဗိုင်းယားတွေထဲမှာမှ သူက ထူးခြားတယ်ဆိုတာကိုပြသနေတယ် ။ ရှောင်ကျန့်က နောက်သုံးရက်နေရင် လက်ထပ်တော့မယ်တဲ့! ။ ဝမ်ရီပေါ်က တောင့်ခဲသွားတယ် ။ ဟင့်အင်း! သူသဘောမတူဘူး ။
ဝမ်ရီပေါ်က ဒေါ်သတကြီးပြန်ထွက်သွားတယ် ။ မဟုတ်ရင်စိတ်ထိန်းနိုင်မှာမဟုတ်ဘူး ။ ရှောင်ကျန့်ကို အဲ့ဒီနေရာကနေဆွဲခေါ်လာမိလိမ့်မယ် ။ အဲ့တာကြောင့်စိတ်လျော့ပြီး ရှောင်ကျန့်ရဲ့အိမ်လေးစီပဲပြန်သွားလိုက်တယ် ။ ရှောင်ကျန့်ပြန်လာမဲ့အချိန်ကို ငုတ်တုထ်ထိုင်ပြီးစောင့်နေခဲ့တယ် ။ နေဝင်သွားတဲ့အချိန်အထိ ရှောင်ကျန့်ကပြန်မလာသေးဘူး ။
သူရဲ့သည်းခံနိုင်စွမ်းတွေက တဖြည်းဖြည်းလျော့ကျလာတယ် ။ မှောင်သွားမှပြန်လာတဲ့ ရှောင်ကျန့် ။ သူ့ကို မီးထွန်းဖို့ပြောလာတယ် ။ ဝမ်ရီပေါ်က သူရဲ့မျက်လုံးနီနီတွေနဲ့ ရှောင်ကျန့်ကို အမှောင်ထဲကနေစောင့်ကြည့်နေတယ် ။ သူ ရှောင်ကျန့်ကိုတစ်ခုခုလုပ်ပစ်ချင်တယ် ။ ရှောင်ကျန့်က မီးထွန်းဖို့ကြိုးစားနေတယ် ။ ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့အနားကိုသွားကာ ဖယောင်းတိုင်ကိုလွင့်ပစ်ပြီး ရှောင်ကျန့်ရဲ့ကိုယ်လေးကို ကုတင်ထက်ပစ်တင်လိုက်တယ် ။
" ကျွန်တော် ကိုကို့ကိုချစ်တယ် ။ ကိုကိုက ကျွန်တော့်အပိုင် ။ ကိုကို့ကိုဘယ်သူ့စီမှမပေးနိုင်ဘူး ။ ကိုကိုကို ကျွန်တော်ရဲ့လူဖြစ်လာအောင် လုပ်ပစ်မယ် ။ ''
ရှောင်ကျန့်က ဝိုင်းစက်သွားတဲ့မျက်လုံးတွေနဲ့ သူ့ကိုကြည့်နေတယ် ။ အဲ့ဒီနောက်မျက်ရည်တွေစီးကျလာပြီး တရှုံ့ရှုံ့ငိုနေတယ် ။ ဝမ်ရီပေါ်က အရမ်းဝမ်းနည်းလာတယ် ။ ရှောင်ကျန့်က သူ့ကိုသဘောမကျဘူး ။ သူ... သူဘာဆက်လုပ်ရမလဲ ။ ရှောင်ကျန့်ကို လွှတ်ပေးလိုက်ရမှာလား ။ ဟင့်အင်း!မဖြစ်နိုင်ဘူး! သူ ရှောင်ကျန့်ကိုအဆုံးရှုံးမခံနိုင်ဘူး ။ ဝမ်ရီပေါ်က ရှောင်ကျန်ရဲ့အင်္ကျီတွေကို ဒေါ်သတကြီးဆွဲဖြဲကာ ရင်ဘတ်ကညှပ်ရိုးလေးကို ကိုက်ခဲပစ်လိုက်တယ် ။
YOU ARE READING
Found You { Who Am I } [ Completed ]
FanfictionStart Date - 15 May 2021 End Date - 11 Jun 2021 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]