''19''

6.1K 962 22
                                    

ဝမ်ရီပေါ်က သူ့​ရှေ့ကအဖြစ်အပျက်ကို မယုံကြည်နိုင်စွာကြည့်နေတယ် ။ ရှောင်ကျန့်... ရှောင်ကျန့်က အသက်မရှိတော့ဘူး ။ သူရဲ့ရှောင်ကျန့်က သွေးအိုင်ထဲမှာလဲလျောင်းနေတယ် ။ ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့အနားကို တစ်လှမ်းချင်းသွားကာ တုန်ရီနေတဲ့သူရဲ့လက်တွေနဲ့ ရှောင်ကျန့်ရဲ့ကိုယ်လေးကို ထွေးပွေ့ထားလိုက်တယ် ။ ရှောင်ကျန့်ရဲသွေးတွေက သူ့ကိုယ်ပေါ်မှာပေကျံသွားတယ် ။

သွေးနံ့ရသွားတဲ့ဗန်ဗိုင်းယားတွေက လှုပ်လှုပ်ရွရွဖြစ်လာခဲ့တယ် ။ ရှောင်ကျန့်ရဲ့သွေးတွေက သာမန်လူတွေထက်ပိုအရသာရှိတယ် ။ ဆေးဖက်ဝင်တယ်ဆိုတာလည်းသိထားကြတော့ လက်မလွှတ်ချင်ကြဘူး ။ အတင့်ရဲတဲ့ဗန်ဗိုင်းယားတစ်ချို့က ဝမ်ရီပေါ်ရဲ့အနားကိုချည်းကပ်သွားကြတယ် ။ သူတို့တွေက ​ရှောင်ကျန့်ရဲ့သွေးတွေကို လိုချင်တက်မက်နေကြတယ် ။

ဝမ်ရီပေါ်ရဲ့မျက်လုံးတွေကနီရဲသွားပြီး သူ့အနားကိုချည်းကပ်လာတဲ့ ဗန်ဗိုင်းယားမှန်သမျှကို အညာအတာမရှိရက်စက်စွာသတ်ဖြတ်လိုက်တယ် ။ ဒီလူတွေက သူရဲ့ရှောင်ကျန့်ကို သူ့စီကနေလုယူနေချင်ကြတယ်ပေါ့ ။ ခွင့်မလွှတ်ဘူး!! တစ်ယောက်မှခွင့်မလွတ်ဘူး ။ အကုန်သတ်ပစ်မယ် ။ ဟုတ်တယ်! ဒီလူတွေအားလုံးကိုသတ်ပစ်ရမယ် ။ သူတို့တွေသေရင် ရှောင်ကျန့်က သူ့စီပြန်လာနိုင်တယ် ။

သူတို့တွေမရှိတော့မှ ရှောင်ကျန့်က သူ့စကားတွေကိုယုံကြည်ပေးမှာ ။ သတ်ရမယ်!! ရှောင်ကျန့်က အဲ့ဒီအခါကျမှ သူ့ကိုစိတ်ဆိုးပြေသွားမှာ ။ သူ့ကိုစိတ်ဆိုးပြေမှ သူ့စီပြန်လာမှာ ။ ဝမ်ရီပေါ်က အရူးတစ်ယောက်လိုမျိုး ရေရွတ်နေတယ် ။ ရှောင်ကျန့်ရဲ့ကိုယ်လေးကို မြေပြင်ပေါ်အသာချလိုက်ပြီး ကျန်နေသေးတဲ့ဗန်ဗိုင်းယားတွေကိုကြည့်လိုက်တယ် ။ ရှောင်ကျန့်ပြန်လာဖို့ အားလုံးကိုသတ်ပစ်ရမယ် ။

အဲ့ဒီနောက်မှာတော့ဝမ်ရီပေါ်က ဘယ်အရာကိုမှမမြင်နိုင်တော့ ။ သူ့စိတ်ထဲမှာ ရှောင်ကျန့်တစ်ယောက်ပဲရှိတယ် ။ ဝမ်ရီပေါ်က စိတ်လွှတ်သွားခဲ့ပြီ ။ စိမ်းစိုနေတဲ့မြက်ခင်းပြင်ကြီးက အနီရောင်မြက်ခင်းပြင်ကြီးဖြစ်သွားတယ် ။ မိုးတွေကလည်း အဆက်မပြတ်ရွာချလာတယ် ။ ဒါကြောင့်လတ်ဆတ်တဲ့သွေးတွေက မိုးရေတွေနဲ့ရောသွားပြီး သွေးအိုင်ကြီးတစ်ခုဖြစ်ပေါ်လာတယ် ။

Found You { Who Am I } [ Completed ] Where stories live. Discover now