ဝမ်ရီပေါ်က ရှောင်ကျန့်ကို ဗန်ဗိုင်းယာအဖြစ်ပြောင်းလဲပေးခဲ့တယ် ။ တကယ်လို့သူအဲ့ဒီလိုမလုပ်ခဲ့ရင်တောင်မှ ရှောင်ကျန့်က သူ့မိတ်ဖြစ်တဲ့အတွက် ဗန်ဗိုင်းယားအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားမှာ ။ ချောင်ကွမ်က ဝမ်ရီပေါ်နဲ့အကြီးအကျယ်ပြသာနာတက်ခဲ့တယ် ။ သူက ရှောင်ကျန့်ကို ဗန်ဗိုင်းယားမဖြစ်စေချင်ဘူး ။ ရှောင်ကျန့်က လူသားတွေကို ထိခိုက်အောင်လုပ်မှာမကြိုက်ဘူး ။
များသောအားဖြင့် သွေးနှောဗန်ဗိုင်းယားတွေက သူတို့ရဲ့ဆာလောင်မှု့ကို မထိန်းချုပ်နိုင်တာကြောင့် လူသားတွေကိုအန္တာရာယ်ပေးလေ့ရှိတယ် ။ သူတို့လိုသမန်းဝံပုလွေတွေက အဲ့ဒီဗန်ဗိုင်းယားတွေကို ပစ်မှတ်ထားကာအမဲလိုက်လေ့ရှိတယ် ။ ရှောင်ကျန့်က သူချစ်ရတဲ့လူ ။ သူက ဘယ်လိုလုပ်ပြီး အမဲလိုက်ရက်မှာပဲ ။ မျက်လုံးနီနီတွေနဲ့ သူ့ကိုကြည့်နေတဲ့ရှောင်ကျန့် ။ ဟူး! ရှောင်ကျန့်ကို ကာကွယ်ပေးရမယ် ။
ဝမ်ရီပေါ်က ချောင်ကွမ်ကို ကတိအထပ်ထပ်ပေးခဲ့တယ် ။ ရှောင်ကျန့်ကို သေချာထိန်းသိမ်းပါမယ်ဆိုပြီး ။ လူတွေကို အန္တာရာယ်မဖြစ်စေရပါဘူးဆိုပြီး ။ ချောင်ကွမ်က သက်ပြင်းချလိုက်တယ် ။ ဝမ်ရီပေါ်က သွေးသန့်ဗန်ဗိုင်းယားဆိုတော့ ရှောင်ကျန့်အတွက် ပြသာနာမရှိလောက်ပါဘူး ။ အဲ့ဒီနောက်မှာတော့ ဝမ်ရီပေါ်က ရှောင်ကျန့်ကိုခေါ်ပြီး ထွက်သွားတော့တယ် ။
" ရီပေါ် ငါဗိုက်ဆာတယ် ။ ငါအရမ်းဆာနေပြီ သွေးသောက်ချင်တယ် ''
ရှောင်ကျန့်က ကလေးလိုမျိုးအဆက်မပြတ်ဂျီကျနေတယ် ။ သူနိုးလာတည်းက ဘာမှမစားရသေးဘူး ။ ဝမ်ရီပေါ်က လူသားတွေကို အမဲမလိုက်ခိုင်းဘူး ။ ရှောင်ကျန့်က စိတ်မရှည်ဖြစ်လာတယ် ။ ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့နှုတ်ခမ်းလေးတွေကိုနမ်းလိုက်ပြီး...
" ကျွန်တော်ရဲ့သွေးကိုသောက် ကျွန်တော်သွေးက ပိုအရသာရှိတယ် ။ ''
ရှောင်ကျန့်က မျက်ခုံးတွေတွန့်ချိုးသွားတယ် ။ သူမလုပ်နိုင်ဘူး ။ ဝမ်ရီပေါ်ကို နာကျင်အောင်မလုပ်နိုင်ဘူး ။ ဝမ်ရီပေါ်က သူရဲ့အတွေးတွေကိုသိနေတဲ့အလား...
YOU ARE READING
Found You { Who Am I } [ Completed ]
FanfictionStart Date - 15 May 2021 End Date - 11 Jun 2021 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]