ဝမ်ရီပေါ်က ရှောင်ကျန့်ကို သူရဲ့ရင်ခွင်ထဲထည့်ကာ သားပိုက်ကောင်ပေါက်စလေးလိုပိုက်ထားတယ် ။ ရှောင်ကျန့်ကလည်း ငြိမ်ငြိမ်လေးထိုင်ပြီး ဝမ်ရီပေါ်လုပ်သမျှကိုခံနေတယ် ။ မနေ့ညက သေပြီလို့တောင်ထင်နေခဲ့တာ ။ ဝမ်ရီပေါ်က ကြောက်ဖို့ကောင်းလောက်အောင်ပဲ သူ့ကိုအနိုင်ကျင့်ခဲ့တယ် ။ သူ့တစ်ကိုယ်လုံးမှာလည်း ခရမ်းရောင်အမှတ်တွေအပြည့်ပဲ ။ အစွယ်နဲ့ကိုက်ထားတဲ့ အပေါက်တွေတောင်ရှိနေသေးတယ် ။
" ကိုကို့ကို အရမ်းချစ်တယ် ။ ''
ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့နားရွက်တွေကို တတိတိကိုက်ကာဆိုလာတယ် ။ ရှောင်ကျန့်က ကြက်သီးတွေထလာပြီး မနေတက်တာကြောင့် ရုးန်းမိသွားတယ် ။ ဝမ်ရီပေါ်က သူရုန်းမှာကိုကြိုသိနေတဲ့အလား သူ့ရဲ့ခါးကို လက်နှစ်ဖက်နဲ့တင်းနေအောင်ဖက်လာတယ် ။ ရှောင်ကျန့်ခဗျာ အရုပ်လေးလိုဖြစ်နေရရှာတယ် ။
" မရုန်းနဲ့! ကိုကိုရုန်းရင် ကျွန်တော် ကိုကို့ကိုထပ်လုပ်ပစ်မှာနော် ။ ''
ရှောင်ကျန့်က ကျောက်ရုပ်လေးလိုငြိမ်ကျသွားတယ် ။ သူရဲ့အဲ့ဒီနေရာလေးက အခုအထိနာနေတုန်းပဲ ။ ဝမ်ရီပေါ်က ကျောက်ရုပ်လေးလိုငြိမ်ကျသွားတဲ့ ရှောင်ကျန့်ကိုကြည့်ကာ အသည်းတွေယားလာတယ် ။ သူရဲ့ရှောင်ကျန့်က သိပ်ချစ်ဖို့ကောင်းတယ် ။ အဲ့တာကြောင့်မို့ မနေ့ညကစိတ်တွေလွှတ်သွားပြီး အသားကုန်သောင်းကြမ်းမိသွားတယ် ။ ရှောင်ကျန့်က သမန်းဝံပုလွေဖြစ်နေလို့ပဲ တော်တော့တယ် ။ မဟုတ်ရင်သူ့ကြောင့် သေတောင်သေနိုင်တယ် ။ သူက ရှောင်ကျန့်ရဲ့သွေးတွေကို အငမ်းမရသောက်သုံးပြီး ညလုံးပေါက်သောင်းကြမ်းခဲ့တယ်မဟုတ်ပါလား ။
" ရီ... ရီပေါ် အာ့! "
ရှောင်ကျန့်က သူရဲ့တင်ပါးတွေကို လာထောက်နေတဲ့အရာကြီးကြောင့် ကိုယ်လေးကိုကျုံ့ထားမိတယ် ။ ဝမ်ရီပေါ်က သဘောကျစွာရယ်မောလိုက်ပြီး...
"မကြောက်နဲ့ ကိုကို့ကိုထပ်မလုပ်သေးပါဘူး ။ မနေ့ညက ကိုကိုက အရမ်းပင်ပန်းထားတယ်လေ ။ ကျွန်တော်က ကိုကို့ကိုအနားပေးရမှာပေါ့ ''
အဲ့ဒီအခါကျတော့မှသာ ရှောင်ကျန့်က သက်ပြင်းကောင်းကောင်းချနိုင်တော့တယ် ။ ဗန်ဗိုင်းယားပေါက်လေးကို ချစ်သူတော်ထားရတာလည်း အတော်မလွယ်ပါ့လား ။
YOU ARE READING
Found You { Who Am I } [ Completed ]
FanfictionStart Date - 15 May 2021 End Date - 11 Jun 2021 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]