''13''

6.6K 1K 23
                                    

သူ့ကို ပြောစရာရှိတယ်ဆိုပြီး ဆက်သွယ်လာတဲ့ချောင်ကွမ် ။ ရှောင်ကျန့်က ချောင်ကွမ်ကိုမတွေ့ချင်ဘူး ။ ဒါပေမဲ့လည်းသူတို့က ကျောင်းမှာနေ့တိုင်းတွေ့နေရမဲ့ ဆက်ဆံရေးတွေဖြစ်နေတာကြောင့် တွေ့ဖို့ဆုံးဖြတ်လိုက်တယ် ။ ချောင်ကွမ်က သူ့ကို အဲဒီလိုလုပ်ဖို့ကြိုးစားတာကို အခုအထိမယုံနိုင်သေးဘူး ။ သမန်းဝုံပုလွေတွေက စိတ်ကြီးတာသိပေမဲ့ အဲ့ဒီလောက်အထိဖြစ်သွားမယ်မထင်ခဲ့ဘူး ။

ဝမ်ရီပေါ်ကိုအသိမပေးပဲ ချောင်ကွမ်နဲ့သွားတွေ့လိုက်တယ် ။ သမန်းဝံပုလွေတွေက ငွေနဲ့လုပ်ထားတဲ့ပစ္စည်းတွေကို ကြောက်တယ်ဆိုတာကြောင့် ငွေအစစ်နဲ့လုပ်ထားတဲ့ဓားကို ​ယူဆောင်သွားလိုက်တယ် ။ ချောင်ကွမ်ကဒေါ်သထွက်ပြီး အရင်လိုအသိစိတ်ထပ်ပျောက်သွားရင် ဘယ်လိုလုပ်မလဲ ။ သတိဆိုတာ ပိုသည်မရှိပဲ ။

" ရှောင်ကျန့် ''

ချောင်ကွမ်က သူတို့သောက်နေကျ ​ကော်ဖီဆိုင်လေးမှာ ထိုင်စောင့်နေတယ် ။ သူ့ကိုမြင်တော့ လှမ်းခေါ်လာတယ် ။

" ရောက်နေတာကြာပြီလား ''

" ဟင့်အင်း ''

" မင်း ငါ့ကိုဘာပြောစရာရှိလို့လဲ "

" ကိုယ်တောင်းပန်ပါတယ် ရှောင်ကျန့် ။ ကိုယ်အဲ့ဒီတုန်းက စိတ်တွေလွှတ်သွားတယ် ။ ကိုယ် မင်းကို နာကျင်အောင်လုပ်ဖို့မရည်ရွယ်ပါဘူး ။ အမှန်တော့ ကိုယ်က... ကိုယ်က သမန်းဝံပုလွေတစ်ကောင်ပါ ။ ကိုယ်ရဲ့ကိုယ်ထဲမှာ သမန်းဝံပုလွေတွေရဲ့သွေးတွေစီးဆင်းနေတယ် ။ ကိုယ် မင်းကိုတမင်ညာခဲ့တာမဟုတ်ပါဘူး ။ ကိုယ်က မင်းကြောက်သွားမှာဆိုးတာကြောင့် လျို့ဝှက်ထားခဲ့ရတာပါ ။ ကိုယ်တကယ်တောင်းပန်ပါတယ် ။ ''

" ငါသိတယ် ။ မင်းက သမန်းဝံပုလွေဆိုတာကို ''

" ဝမ်ရီပေါ်ပြောပြတာလား? "

" အင်း ။ ''

ချောင်ကွမ်က သူ့စကားကြောင့် မျက်နှာပျက်သွားတယ် ။ ရှောင်ကျန့်က မမြင်ချင်ယောင်ဆောင်ပြီး ကော်ဖီတစ်ခွက်မှာလိုက်တယ် ။ အပြင်ဘက်မှာတော့ မိုးတွေစရွာလာပြီ ။ အဲ့ဒီအချိန်မှာပဲ သူ့ဖုန်းကအသံမြည်လာခဲ့တယ် ။ ခေါ်ဆိုသူကိုကြည့်လိုက်တော့ ဝမ်ရီပေါ် ။

Found You { Who Am I } [ Completed ] Where stories live. Discover now