''20''

6.2K 960 11
                                    

ရှောင်ကျန့်က အတိတ်ဘဝကအကြောင်းတွေကို ပြန်သတိရသွားပြီးနောက် သူ့ရှေ့ကဝမ်ရီပေါ်ကို နာကျည်းနေတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်လို့နေတယ် ။ ဝမ်ရီပေါ်က သူ့ကိုသစ္စာဖောက်ခဲ့တယ် ။ သူ့စီကို ဗန်ဗိုင်းယားတွေခေါ်ဆောင်လာခဲ့တယ် ။ Wolfsbaneကိုအသုံးပြုပြီး သူ့ကိုအဆိပ်ခတ်ခဲ့တယ် ။ ကိုယ့်ကိုသတ်သေဖို့ ဖိအားပေးခဲ့တယ် ။

" ငါ မင်းကိုမမြင်ချင်ဘူး ။ ငါ့မျက်စိရှေ့က အခုချက်ခြင်းထွက်သွား! "

ရှောင်ကျန့်က အေးစက်စွာဆိုလိုက်တယ် ။ ဝမ်ရီပေါ်က သူ့ကိုအတင်းဖက်ထားပြီး တောင်းပန်ပါတယ်ဆိုတဲ့ စကားတွေကိုပဲအဆက်မပြတ်ရေရွတ်နေတယ် ။ ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့လက်တွေကို ကြမ်းတမ်းစွာဆွဲဖြုတ်လိုက်ပြီး ပန်အိုးကိုရိုက်ခွဲလိုက်တယ် ။

" ဝမ်ရီပေါ် မင်းထွက်မသွားသေးဘူးဆိုရင် ငါ့လည်ပင်းကို ဒါနဲ့ထိုးပစ်မယ် ''

ရှောင်ကျန့်က ပန်းအိုးကွဲစကိုကောက်ကိုင်ပြီး လည်ပင်းမှာထောက်လို့ ဝမ်ရီပေါ်ကိုခြိမ်းခြောက်စကားဆိုတယ် ။ ဝမ်ရီပေါ်က သေလောက်အောက်ထိတ်လန့်သွားခဲ့တယ် ။ ဒီတစ်ကြိမ်ဆိုရင် သူရူးသွားမှာ ။ ရှောင်ကျန့်ကိုထပ်ပြီးဆုံးရှုံးမယ်ဆိုရင် သူတကယ်ရူးသွားတော့မှာ ။ ဝမ်ရီပေါ်က ကြမ်းပြင်ပေါ်ဒူးထောက်ချလိုက်ပြီး...

" ကျွန်တော် တောင်းပန်ပါတယ် ကိုကို ။ ကျွန်တော် သူတို့ကိုမခေါ်လာခဲ့သင့်ဘူး ။ ကျွန်တော် ကိုကိုရဲ့အကြောင်းတွေကို မပြောပြခဲ့သင့်ဘူး ။ ကျွန်တော်တောင်းပန်ပါတယ် ။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ ။ ဒီတစ်ကြိမ်လေးပဲ ဒီတစ်ကြိမ်လေးပဲ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ ။ ကျွန်တော် ကိုကို့စကားကိုနားထောင်ပါမယ် ။ ကျွန်တော်ကို တစ်ခါလောက်လေးပဲ အခွင့်အရေးထပ်ပေးပါ ။ ''

ဝမ်ရီပေါ်က ကလေးတစ်ယောက်လိုမျိုး ဝမ်းနည်းတကြီးငိုရှိုက်နေတယ် ။ ဒါပေမဲ့ရှောင်ကျန့်က သွေးအေးလွန်းတယ် ။ ဝမ်ရီပေါ်က ဘယ်လောက်ပဲတောင်းပန်နေပါစေ ထွက်သွားဆိုတဲ့စကားကလွဲပြီး ဘာမှမဆိုလာခဲ့ ။

" ကိုကို ကျွန်တော်မှားသွားပါတယ် ။ ကျွန်တော့်ကို မနှင်ထုတ်ပါနဲ့ ။ ကျွန်တော် တကယ်မသိခဲ့လို့ပါ ။ ကျွန်တော် ကိုကို့ကိုညာခဲ့တာမဟုတ်ပါဘူး ။ အဟင့်! ကျွန်တော် ကိုကို့ကိုတကယ်ချစ်တာပါ ။ ''

Found You { Who Am I } [ Completed ] Where stories live. Discover now