''9''

6.9K 1K 33
                                    

အဲ့ဒီရက်ကစလို့ ဝမ်ရီပေါ်ရဲ့အပြုအမူတွေက ပိုပိုရဲတင်းလာတယ် ။ သူ့ကို ဆရာလို့ခေါ်နေပေမဲ့လည်း လုံးဝမလေးစားဘူး ။ စာသင်ချိန်တွေဆို သူ့ကိုစိုက်ကြည်နေပြီး စာသင်ချိန်ပြီးသွားတာနဲ့ သူ့ရဲ့အနားမှာကော်လိုကပ်နေတယ် ။ သူ့ကို ဖွင့်ပြောလာတဲ့လူတွေကိုလည်း ဒေါ်သတကြီးနှင်ထုတ်တက်တယ် ။ ရှောင်ကျန့်က သူ့ကိုယ်သူ ဝမ်ရီပေါ်ကိုမတားရဲတာလား ၊ တမင်မတားပဲနေနေတာလားပင်မသိတော့ ။

ဝမ်ရီပေါ်က တအားချုပ်ချယ်လွန်းတယ် ။ ဟိုဟာလည်းပေးမလုပ် ၊ ဒီဟာလည်းပေးမလုပ်နဲ့ ။ ကျောင်းကိုတောင်မှ အသွား၊အပြန်ကို သူ့ကားနဲ့ကိုယ်တိုင်လိုက်ပို့ပေးတာ ။ မလိုက်ချင်ဘူးဆိုလည်းမရ ။ အတင်းပွေ့ချီပြီး ကားထဲထည့်ပစ်တာ ။ အဆိုးဆုံးကတော့ သူကို တစ်ခြားလူတွေနဲ့အတူတွေ့တာနဲ့ ထသောင်းကြမ်းတော့တာပဲ ။

သူဘာသာသူသောင်းကြမ်းရင် အကြောင်းမဟုတ်ဘူး ။ သူ့ကိုပျော့ခွေသွားတဲ့အထိနမ်းပြီး နှလုံးရောဂါရအောင်လုပ်သွားတာပဲ ။ အဲ့ဒီအချိန်တွေဆိုရင် ရှောင်ကျန့်ခမျာ ဘာလုပ်လို့ဘာကိုင်ရမလဲတောင်မသိတော့ ။ တစ်နေ့လုံးအလွဲလွဲ အချော်ချော်တွေလုပ်မိ​နေပြီး ဝမ်ရီပေါ်ကိုပဲအချိန်ပြည့်မြင်နေရတယ် ။ ဆေးသောက်ထားတာတောင်မှမရ ။ ရင်ဘတ်ထဲက အသံကျယ်ကြီးမြည်နေတုန်းပဲ ။

ဝမ်ရီပေါ်က အဝတ်သတ္တာဆွဲချလာပြီး သူနဲ့အတူလာနေတော့တယ် ။ မရဘူးဆိုလည်းလက်မခံ ။ ရဲတိုင်မယ်ဆိုတော့လည်း တိုင်ချင်ရင်တိုင်ပေါ့ဆိုပြီးတော့တောင် သူ့ကိုပြန်ပြောလာတယ် ။ ရှောင်ကျန့်က ဘယ်လိုလုပ်ရမလဲပင်မသိတော့ ။ ဝမ်ရီပေါ်က အရမ်းဆိုးပါတယ် ။ စကားလည်းနားမထောင် ပြန်လည်းမပြော ။ ကြားချင်တာတွေသာကြားပြီး မကြားချင်တာတွေဆိုရင် လျစ်လျူရှုပစ်တယ် ။

ဗန်ဗိုင်းယားတွေအားလုံးသာ ဝမ်ရီပေါ်လိုဆိုရင်တော့ မတွေးရဲစရာပဲ ။ သူလုပ်နိုင်တာဆိုလို့ သက်ပြင်းချရုံပဲရှိတယ် ။

" ဘာဖြစ်လို့လဲ သက်ပြင်းတွေချနေရတာလဲဆရာရဲ့ ''

" ဝမ်ရီပေါ် မင်းမမောဘူးလား ။ ငါ့ကိုအချိန်ပြည့်လိုက်ကြည့်ပြီး စကားတွေပြောနေတာ ''

Found You { Who Am I } [ Completed ] Where stories live. Discover now