''6''

7.1K 1K 20
                                    

ရှောင်ကျန့်က ခေါင်းတွေကိုက်ခဲနေတယ် ။ မနေ့ကတီဗွီမှာကြေညာသွားတဲ့ သတင်းတွေကြောင့် တစ်ရေးမှမအိပ်ခဲ့ရဘူး ။ တစ်ယောက်ယောက်က သူ့ကိုအမြဲစိုက်ကြည့်နေတယ်လို့ခံစားနေရတာ ။ အဲ့တာကြောင့်မို့ မအိပ်ရဲချေ ။ သူအိပ်ပျော်သွားတဲ့အချိန် အဲ့ဒီလူက သူ့စီရောက်လာရင်ဘယ်လိုလုပ်မလဲ ။ ရှောင်ကျန့်က စိုးရိမ်စိတ်ကြောင့် အိပ်မပျော် ။

မနက်ရောက်တော့ သူ့ခေါင်းတွေကကိုက်ခဲနေပြီး အဆင်မပြေဖြစ်နေတယ် ။ ဒါပေမဲ့လည်းသူက မနေ့ကပဲခွင့်ယူထားတယ်မဟုတ်လား ။ ဒီနေ့တော့ သွားဖြစ်အောင်သွားမှဖြစ်မယ် ။ သူ့ရဲ့စာသင်ချိန်တွေကို ထပ်ပြီးအပျက်ခံလို့မဖြစ်ဘူး ။ ရှောင်ကျန့်က အကိုက်အခဲပျောက်ဆေးတစ်လုံးကိုသောက်ပြီး အားတင်းထားလိုက်တယ် ။

ကျောင်းရောက်တော့ ဘာမှမဖြစ်သလိုနေပြီး အရင်အတိုင်းစာဆက်သင်လိုက်တယ် ။ ဝမ်ရီပေါ်ကလည်း အစဉ်အလာမပြတ် သူ့ကိုစိုက်ကြည့်လို့နေတယ် ။ ရှောင်ကျန့်က ဝမ်ရီပေါ်ကိုမြင်လေ ထူးဆန်းတယ်လို့ခံစားရလေပဲ ။ ဝမ်ရီပေါ်က တစ်ခုခုကိုလျို့ဝှက်ထားတယ် ။ သူက အဲ့ဒီလျို့ဝှက်ချက်ကိုသိချင်နေပေမဲ့ သိသွားလို့ရှိရင်လည်း ရင်မဆိုင်နိုင်မှာကို ကြောက်နေမိတယ် ။

ဝမ်ရီပေါ်က သူ့ရှေ့ကိုပေါ်လာတည်းက သူရဲ့တည်ငြိမ်နေတဲ့ဘဝကြီးက အခုလိုတွေဖြစ်သွားရတာ ။ သူရဲ့အာရုံနဲ့ သူရဲ့စိတ်တွေက ဝမ်ရီပေါ်အပေါ်မှာသာရှိနေပြီး ပုံမှန်မဟုတ်တဲ့အတွေးအခေါ်​တွေကလည်း သူ့ဦးနှောက်ထဲဝင်ရောက်လာတယ် ။ ဗန်ဗိုင်းယားနဲ့သမန်းဝုံလွေတွေရဲ့အကြောင်းကို အချိန်ပြည့်တွေးမိနေပြီး ညဘက်တွေဆိုအိပ်စက်လို့တောင်မရတော့ ။

ရှောင်ကျန့်က သန့်စင်ခန်းထဲက မှန်​ပေါ်မှာပေါ်နေတဲ့ သူပုံရိပ်ကိုကြည့်ကာ သက်ပြင်းချလိုက်တယ် ။ အဲ့ဒီနောက်ဘေစင်က ​ရေဘားကိုဖွင့်လိုက်ပြီး မျက်နှာသစ်ကာ စိတ်ရှုပ်စရာတွေမတွေးဖို့ ကိုယ့်ကိုဖိအားပေးနေလိုက်တယ် ။

" မနေ့က ဘာလို့ကျောင်းမလာရတာလဲ ''

ရှောင်ကျန့်ရဲ့ကျောပြင်လေးက အဲ့ဒီအသံကြောင့် မဆိုစလောက်လေးတုန်တက်သွားတယ် ။ မှန်ထဲပေါ်နေတဲ့ပုံရိပ်က ဝမ်ရီပေါ်ဆိုတဲ့ကျောင်းသားရဲ့ပုံရိပ် ။ မတွေ့ချင်လို့ရှောင်ပြေးနေပါတယ်ဆိုမှ ။  ရှောင်ကျန့်က လက်တွေကို တင်းနေအောင်ဆုပ်ထားမိတယ် ။ ဝမ်ရီပေါ်က သူ့ရဲအနားကို ဖြည်းဖြည်းချင်လျှောက်လာပြီး သူရဲ့ပါးပြင်ကို ပွတ်သပ်လာတယ် ။

Found You { Who Am I } [ Completed ] Where stories live. Discover now