''16''

6.1K 990 11
                                    

ဝမ်ရီပေါ်က ဒဏ်ရာတွေပျောက်သွားပေမဲ့လည်း မသိချင်ယောင်ဆောင်လို့ ရှောင်ကျန့်ရဲ့အနားမှာနေခဲ့တယ် ။ ရှောင်ကျန့်ကလည်း သူ့ကို ဘယ်အချိန်ပြန်မလဲဆိုတာကိုမမေး ။ အဲ့တာကြောင့်ဝမ်ရီပေါ်က တောက်တဲ့လေးလိုမျိုး ရှောင်ကျန့်အနားမှာပဲကပ်လို့နေတယ် ။ ရှောင်ကျန့်က သူ့ကို တစ်ခြားသမန်းဝုံလွေတွေသတိမထားမိအောင် ဖွက်ပေးထားတယ် ။ အဲ့ဒီလိုနဲ့ဝမ်ရီပေါ်က သူ့ကိုယ်သူဗန်ဗိုင်းယားဆိုတာမေ့ကာ သမန်းဝံပုလွေဖြစ်တဲ့ရှောင်ကျန့်နဲ့ အတူနေထိုင်ခဲ့တယ် ။

အဲ့ဒီနောက်မှာတော့ ရှောင်ကျန့်ရဲ့အကြောင်းတွေကို တဖြည်းဖြည်းသိလာခဲ့တယ် ။ ရှောင်ကျန့်က သမန်းဝုံပုလွေတွေရဲ့ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရတဲ့လူ ။ လှပတဲ့အဖြူရောင်အမွှေးတွေကို ပိုင်ဆိုင်ထားတယ် ။ စိတ်လှုပ်ရှားတဲ့အချိန်တွေဆိုရင် မျက်ဆံလေးတွေက အပြာရောင်ကိုပြောင်းသွားတက်တယ် ။ ရှောင်ကျန့်ရဲ့သွေးတွေက ထူးခြားတယ် ။ သမန်းဝံပုလွေတွေရဲ့အဆိပ်ကို ကုစားပေးနိုင်တယ် ။ အဲ့တာကြောင့်မို့ သူရဲ့ဒဏ်ရာတွေက လျှင်မြန်စွာပျောက်သွားခဲ့တာ ။

ရှောင်ကျန့်က သမန်းဝံပုလွေဖြစ်ပေမဲ့ ဗန်ဗိုင်းယားတွေကို တစ်ခါမှအမဲမလိုက်ဖူးဘူး ။ ရှောင်ကျန့်က သူ့ရဲ့လက်တွေမှာသွေးပေမှာကို လုံးဝသဘောမကျဘူး ။ ​ရှောင်ကျန့်က ပန်းချီဆွဲရတာကိုဝါသနာပါတယ် ။ အခုဆိုရင် ရှောင်ကျန့်ရဲ့ပန်းချီကားတွေမှာ ဝမ်ရီပေါ်ဆိုတဲ့သူက နေရာယူလာခဲ့ပြီ ။ ရှောင်ကျန့်ကပြောတယ် ။ သူက ချစ်ဖို့ကောင်းတယ်တဲ့ ။

" ရီပေါ် ဒီကိုလာပြီး ကိုကို့ကိုကူလုပ်ပေးအုံး ။ ''

ရှောင်ကျန့်က သူ့ကိုလှမ်းခေါ်လာတယ် ။ ဝမ်ရီပေါ်ရဲ့အတွေးတွေက ပြတ်တောက်သွားတယ် ။ ရှောင်ကျန့်ရဲ့အနားကိုသွားပြီး အခြောက်လှမ်းထားတဲ့ပန်းခြောက်တွေကို ​ကောက်ပေးလိုက်တယ် ။ ရှောင်ကျန့်က မြေပြင်မှာကြွေကျနေတဲ့ပန်းတွေကို အခြောက်လှမ်းပြီးအမြဲသိမ်းထားတက်တယ် ။ ဘာလို့မှန်းတော့ သူမသိဘူး ။

" ကိုကို ''

" ပြောလေ ရီပေါ်ရဲ့ ''

" ကိုကိုက ဗန်ဗိုင်းယားတွေကိုသဘောကျလား? "

Found You { Who Am I } [ Completed ] Where stories live. Discover now