ရှောင်ကျန့်က သူရဲ့လက်တွေကိုကိုင်ပြီး မိုးရွာထဲပြေးလွှားနေတဲ့ ဝမ်ရီပေါ်ကိုကြည့်ကာ ရင်တွေအဆက်မပြတ်တုန်လာတယ် ။ သူရဲ့...သူ့ရဲ့ရင်ဘတ်က ဘာဖြစ်နေတာလဲ ။ ဘာလို့ထူးဆန်းတဲ့ ဒီခံစားချက်ကြီးက ပေါ်လာရတာလဲ ။ ဝမ်ရီပေါ်ဆိုတဲ့ကျောင်းသားက မုန်းဖို့ကောင်းတယ် ။ သူ့ကို စိတ်အနှောင့်အယှက်ပေးလွန်းတယ် ။ ဝမ်ရီပေါ်ရဲ့လက်ကို အတင်းဆွဲဖြုတ်မိတော့...
" အနောက်မှာလူတွေပါလာတယ် ။ ဆရာ ဒီလိုဆက်လုပ်နေမယ်ဆိုရင် သူတို့တွေက ဆရာ့ကိုမိသွားလိမ့်မယ် ''
" အဲ့တာ ငါ့ကိစ္စ မင်းနဲ့မဆိုင်ဘူး ။ ''
ရှောင်ကျန့်က အတင်းရုန်းပစ်လိုက်တယ် ။ သူရဲ့လက်ကောက်ဝတ်ကတော့ ဝမ်ရီပေါ်ကြောင့် နီရဲနေတယ် ။ အားကြီးနဲ့ဘယ်လောက်တောင် ဆုပ်ကိုင်ထားမှန်းမသိဘူး ။ လက်ချောင်းရာကြီးတွေတောင် ထင်းနေတာပဲ ။
" ဆရာက ဘာသွားလုပ်လို့ သူတို့က ဆရာ့အနောက်ကိုလိုက်လာရတာလဲ ။ ''
" ငါက ပြသာနာစရှာတဲလူလို့ မင်းက ပြောချင်နေတာလား? "
" ကျွန်တော် အဲ့ဒီလိုမပြောဘူးနော် ။ ဆရာဘာသာ လျှောက်တွေးနေတာ ။ ''
" အရင်စတဲ့လူက ငါမဟုတ်ဘူး ။ သူတို့က ငါ့ကိုအတင်းလာကပ်နေလို့ ပုလင်းနဲ့ရိုက်ပြီး ထွက်လာခဲ့တာ ။ ''
"...........''
ဝမ်ရီပေါ်က ငြိမ်ကျသွားတယ် ။ ရှောင်ကျန့်ုက အသံတိတ်သွားတဲ့ ဝမ်ရီပေါ်ကြောင့် နှုတ်ခမ်းဆူမိတော့မလိုဖြစ်သွားတယ် ။ ဝမ်ရီပေါ်က သူ့ကို ဘယ်လိုကြီးကြည့်လာရတာလဲ ။ ဝမ်ရီပေါ်က သူ့ကိုကြည့်နေရင်းနဲ့မှ တဟားဟားအော်ရယ်တယ် ။ သူပြောတဲ့အထဲမှာ ဘာရယ်စရာများပါနေလို့လဲ ။
" ကျွန်တော်က ဆရာ့ကို အေးမယ်ထင်နေတာ ။ လတ်စသတ်တော့ ဆရာက အဆိုးလေးပဲ ။ ''
ရှောင်ကျန့်က နဖူးတွေတွန့်ချိုးသွားတဲ့အထိ မျက်မှောင်တွေကျုံ့ပစ်လိုက်တယ် ။ ဝမ်ရီပေါ်က ဆက်ရယ်နေတုန်းပဲ ။ ရှောင်ကျန့်က ပါးစပ်ဟကာ စကားထပ်ဆိုလိုက်တယ် ။
" မင်းက အဲ့ဒီနေရာမှာဘာလုပ်နေတာလဲ? ။ အသက်လည်းမပြည့်သေးပဲနဲ့ ။ မိဘပိုက်ဆံသုံးပြီး ခိုးဝင်လာတာလား? "
YOU ARE READING
Found You { Who Am I } [ Completed ]
FanfictionStart Date - 15 May 2021 End Date - 11 Jun 2021 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]