ရှောင်ကျန့်က ကူကယ်ရာမဲ့နေတဲ့ကလေးတစ်ယောက်လိုမျိုး ဝမ်ရီပေါ်ကိုအားကိုးတကြီးဖက်ကာ စိတ်လွှတ်ကိုယ်လွှတ်ငိုနေမိတယ် ။ သူအရမ်းကြောက်နေခဲ့တာ ။ ဝမ်ရီပေါ်မဟုတ်တဲ့ တစ်ခြားတစ်ယောက်က သူ့ကိုအခုလိုထိတွေ့နေတာမျိုးကို သူအရမ်းရွံတယ် ။ ဖြစ်နိုင်ရင်သူရဲ့အသားတွေကိုတောင် ဓားနဲ့လှီးထုတ်ပစ်ချင်နေတာ ။ သူ့ကိုယ်သူ မသန့်ရှင်းတော့ဘူးလို့ ခံစားနေရတယ် ။
" ကျွန်တော်ရောက်လာပြီ ဆရာဘာမှမဖြစ်နိုင်တော့ဘူး ။ မကြောက်နဲ့တော့နော် နောက်ကျသွားလို့တောင်းပန်ပါတယ် ''
" အဟင့်! ငါက... ငါက မင်းရောက်မလာမှာကိုကြောက်နေတာ ။ ငါက အနိုင်ကျင့်ခံရတော့မယ်ထင်နေတာ ။ အဟင့်! ငါက... ''
" ကျွန်တော်တစ်ယောက်လုံးရှိတာကို ဘယ်သူက ဆရာ့ကိုအနိုင်ကျင့်ရဲမှာလဲ ။ ''
ရှောင်ကျန့်က တအင့်အင့်နဲ့ငိုရှိုက်နေတယ် ။ ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့ပါးပြင်ပေါ်က မျက်ရည်တွေကို အနမ်းတွေနဲ့ဖယ်ရှားပေးလိုက်တယ် ။ အဲ့ဒီနောက်အပေါ်ပိုင်းဗလာဖြစ်နေတဲ့ ရှောင်ကျန့်ရဲ့ကိုယ်လေးကို သူ့အဝတ်တွေ ဝတ်ပေးလိုက်တယ် ။ ရှောင်ကျန့်ရဲ့လည်ပင်းက သွေးစို့နေတဲ့ကိုက်ရာကိုမြင်တော့ မျက်လုံးတွေကနီရဲလာတယ် ။
" အဲ့တာက အရမ်းနာတယ်မလား? "
" အင်း ''
ရှောင်ကျန့်က နာကျင်မှု့ကြောင့် ခေါင်လေးငြိမ်ပြလိုက်တယ် ။ ချောင်ကွမ်ကိုက်သွားတဲ့နေရာက အရမ်းနာတယ် ။ ဝမ်ရီပေါ်က သူရဲ့အဲ့ဒီနေရာကသွေးတွေကို လျှာနဲ့လျက်ကာ ထပ်ကိုက်ချပစ်လိုက်တယ် ။ ရှောင်ကျန့်ကနာကျင်မှု့ကြောင့် အော်ဟစ်မိသွားပြီး ဝမ်ရီပေါ်ရဲ့ကျောပြင်ကို တဘုန်းဘုန်းထုရိုက်လို့နေတယ် ။ ဝမ်ရီပေါ်က သူရဲ့လက်တွေကို လက်ကောက်ဝတ်ကနေဆုပ်ကိုင်ပစ်ကာ သူ့ကိုနာကျင်အောင်လုပ်နေတယ် ။
ရှောင်ကျန့်က မျက်ရည်တွေအဆက်မပြတ် စီးကျလာတယ် ။ ဝမ်ရီပေါ်က သူ့ကိုနာကျင်အောင်မလုပ်ဖူးလို့ ကတိပေးထားတယ်လေ ။ ရှောင်ကျန့်က အရမ်းဝမ်းနည်းလာတယ် ။ ဝမ်ရီပေါ်က ကတိမတည်ဘူး ။ အဲ့ဒီအချိန်မှာပဲ ဝမ်ရီပေါ်ကရပ်တန့်သွားပြီး သွေးတွေကိုထွေးထုတ်ပစ်တယ် ။
YOU ARE READING
Found You { Who Am I } [ Completed ]
FanfictionStart Date - 15 May 2021 End Date - 11 Jun 2021 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]