''11''

7.3K 996 23
                                    

ဝမ်ရီပေါ်က သွေးနံ့တွေကြောင့် သတိပြန်ရလာခဲ့တယ် ။ ဒီသွေးနံ့က သူ့ကိုအရမ်းဆာလောင်စေတယ် ။ လိုချင်လွန်းလို့ရူးမတက်ပဲ ။ ဒါပေမဲ့သွေးနံ့ရဲ့ပိုင်ရှင်က ရှောင်ကျန့်ဖြစ်နေတဲ့အချိန်မှာတော့ ဒေါ်သတကြီးအော်ပစ်လိုက်တယ် ။ ရှောင်ကျန့်က ရူးနေတာလား ။ ဗန်ဗိုင်းယားတစ်ကောင်ရဲ့ရှေ့မှာဘာလုပ်နေတာလဲ ။ သူစိတ်မထိန်းနိုင်ရင် ဘယ်လိုလုပ်မှာလဲ ။

ရှောင်ကျန့်က သူ့ကိုကူညီချင်လို့ဆိုတာ သူသိပေမဲ့လည်း သူက ဘယ်လိုလုပ်သောက်နိုင်မှာလဲ ။ သူကြောက်တယ် စိတ်မထိန်းမှာပဲကို ။ ရှောင်ကျန့်ရဲ့သွေးတွေအားလုံးကို သောက်မိသွားမှာကို ။ ရှောင်ကျန့်က တစ်ခြားလူတွေနဲ့မတူဘူး ။ ရှောင်ကျန့်ရဲ့အနံ့က အရမ်းမွှေးတယ် ။ အဲ့ဒီလိုပဲရှောင်ကျန့်ရဲ့သွေးတွေကလည်း အရမ်းချိုတယ် ။ သောက်မိသွားရင် ရပ်နိုင်တော့မှာမဟုတ်ဘူး ။ ရှောင်ကျန့်က နာကျင်ရလိမ့်မယ် ။

" ကျွန်တော် ဆရာ့ကိုနာအောင်မလုပ်နိုင်ဘူး ။ ဒါပေမဲ့ဆရာ ကျွန်တော့်ကိုကူညီချင်တယ်ဆိုရင် တစ်ခြားနည်းလမ်းရှိသေးတယ် ။ အဲ့တာကအစပိုင်းမှာတော့ နာရင်နာလိမ့်မယ် ။ ဒါပေမဲ့ဆရာ သဘောကျသွားမှာပါ ။ ''

" ဘာနည်းလမ်းလဲ? "

" ကျွန်တော်နဲ့အတူနေတာ ''

"...........''

" ဘယ်လိုလဲ လက်ခံပေးမှာလား? ဆရာအဆင်မပြေဘူးဆိုလည်းရတယ် ။ တစ်ပတ်လောက်နေရင်တော့ ကျွန်တော်ပြန်အဆင်ပြေသွားလိမ့်မယ် ''

" ငါကူညီမယ် ။ ငါ မင်းပြောတာကိုလက်ခံတယ် ။ မင်းက ငါ့ကိုအများကြီးကူညီခဲ့တယ် ။ ငါ.... ငါမငြင်းဆန်ဘူး ။ မင်း ငါ့ကိုလုပ်လို့ရတယ် ။ ''

ရှောင်ကျန့်က နှုတ်ခမ်းတွေကိုကိုက်ပြီးဆိုလိုက်တယ် ။ သူ့ကိုစိုက်ကြည့်နေတဲ့ ဝမ်ရီပေါ်ကြောင့်လည်းရှက်လွန်းလို့ အငွေ့ပျံချင်နေပြီဖြစ်တယ် ။ ဘာလို့ဒီလောက်တောင် စိုက်ကြည့်နေရတာလဲ? ။

" မင်း... မင်းမလုပ်ချင်ဘူးဆိုလည်းနေတော့ ။ ငါသွားတော့မယ် ။ ''

ရှောင်ကျန့်က ရှက်လာတဲ့အတွက် ရေချိုးခန်းထဲကထွက်သွားဖို့ပြင်လိုက်တယ် ။ ဒါပေမဲ့ဝမ်ရီပေါ်ု သူ့ကိုပေးမသွား ။ သူ့ရဲ့ဘယ်ဘက်လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာတယ် ။ အဲ့ဒီနောက်ရေတွေစိုနေတဲ့ကြွေပြားပေါ်ကို သူ့ကိုလှဲချလိုက်ပြီး အပေါ်ကနေအုပ်မိုးကာ သူရဲနှုတ်ခမ်းတွေကိုပွတ်သပ်လာတယ် ။

Found You { Who Am I } [ Completed ] Where stories live. Discover now