ှရှောင်ကျန့်က သူ့ရဲ့အနောက်ကနေလိုက်လာတဲ့ ဝမ်ရီပေါ်ကြောင့် တဖြည်းဖြည်းနဲ့ဒေါ်သထွက်လာတယ် ။ ရထားပေါ်မှာကူညီပေးတာကိုကျေးဇူးတင်ပေမဲ့ အခုလိုမျိုးကျတော့ သူ့ကိုစိတ်အိုက်လာစေတယ် ။ ဝမ်ရီပေါ်က သူ့ကို ဘာအတွက်လိုက်ကပ်နေရတာလဲ ။ သူ့စီမှာဘာများရှိနေလို့လဲ ။ သူတကယ်ရူးချင်နေပြီ ။
" မင်းက ဘာလို့ငါ့အနောက်ကိုလိုက်နေတာလဲ ။ ကိုယ့်အိမ်ကိုပြန်တော့လေ ''
" ဆရာကိုတစ်ယောက်တည်းစိတ်မချလို့ ''
" မလိုဘူး ငါက ကလေးမဟုတ်တော့ဘူး ။ ငါဘာသာပြန်တက်တယ် ။ မင်းလိုက်ဖို့ပေးဖို့မလိုဘူး ။ မင်းမိဘတွေစိတ်ပူနေလိမ့်မယ် ပြန်တော့ ''
" ဒါပေမဲ့ကျွန်တော်က.... ''
" ဝမ်ရီပေါ် ငါ မင်းကိုပြောတာကိုနားမလည်ဘူး ။ ငါမကြိုက်ဘူး ငါတကယ်မကြိုက်ဘူးလို့ ။ ငါရဲ့အနောက်ကို အခုလိုတောက်လျှောက်လိုက်နေတာက ငါ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေတယ် မင်းပြန်လိုက်ပါတော့ ။ မင်းကြောင့် ငါတကယ်ပင်ပန်းနေပြီ ။ ''
".........''
ဝမ်ရီပေါ်က အဓိပ္ပါယ်ဖော်ရခက်တဲ့ မျက်လုံးတွေနဲ့ သူ့ကိုစိုက်ကြည့်ပြီး ခေါင်းငုံ့သွားတယ် ။ အဲ့ဒီနောက် ကျွန်တော်နားလည်ပါပြီဆိုကာ ထွက်သွားတော့တယ် ။ ရှောင်ကျန့်က စိတ်သက်သာရာရသွားသလိုမျိုး လေတွေမှုတ်ထုတ်လိုက်တယ် ။ သူနည်းနည်းများလွန်သွားသလား ။ ဟင့်အင်း! မလွန်ဘူး သူမှန်တယ် ။ သူသာ အဲ့ဒီလိုမပြောရင် ဝမ်ရီပေါ်က အချိန်ပြည့်လိုက်ကပ်နေတော့မှာလေ ။
ဒါပေမဲ့လည်း မျက်နှာလေးညှိုးကျသွားတဲ့ ဝမ်ရီပေါ်ရဲ့ပုံစံကိုပြန်မြင်တော့ ရင်ဘတ်တွေတင်းကြပ်လာတယ် ။ အား! စိတ်ရှုပ်လိုက်တာ ။ သူက ဘာလို့ဒီလိုတွေဖြစ်နေရတာလဲ ။ ဝမ်ရီပေါ်ဆိုတဲ့ကျောင်းသားကြောင့် သူက စိတ်ကယောက်ကယက်ဖြစ်နေရပြီ ။ ရှောင်ကျန့်က စတိုးဆိုင်လေးတစ်ဆိုင်ကို အရင်ဝင်လိုက်တယ် ။ ခေါက်ဆွဲခြောက်ထုတ်တွေနဲ့ ဘီယာပုလင်းတွေဝယ်ပြီးတော့မှ အိမ်ကိုပြန်လာခဲ့တာ ။
မိုးရာသီဆိုရင်လူတွေက အပြင်သိပ်မထွက်ကြဘူး ။ အလုပ်မရှိတာနဲ့ စောင်ထဲမှာကွေးပြီး အနားယူနေတက်ကြတယ် ။ သူနေတဲ့နေရာကလည်း နဂိုကတည်းကလူသိပ်မရှိ ။ အဲ့တာကြောင့်မို့ သူရဲ့အိမ်ပြန်လမ်းက တိတ်ဆိတ်လို့နေတယ် ။ မိုးတွေကပါရွာနေတော့ ပတ်ဝန်းကျင်က ပိုပြီးစိတ်ခြောက်ခြားဖို့ကောင်းနေတယ် ။
YOU ARE READING
Found You { Who Am I } [ Completed ]
FanfictionStart Date - 15 May 2021 End Date - 11 Jun 2021 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]