''2''

9.3K 1.2K 36
                                    

ဒီနေ့ကရှောင်ကျန့်ရဲ့ပြသားဒါးနေ့ ။ ဘာလုပ်လုပ်အဆင်ကိုမပြေ ။ ပထမဦးဆုံးကျောင်းပြန်ဖွင့်တဲ့ရက်မို့လို့ စောစောသွားရအောင်ဆိုပြီး နိုးစက်ဖွင့်ထားပေမဲ့ ပျက်သွားတာကြောင့် အိပ်ယာထနောက်ကျခဲ့ရတယ် ။ တစ်ယောက်တည်းနေတဲ့သူ့အတွက် မနက်အိပ်ယာထတဲ့အချိန်က အခက်ခဲဆုံးပဲ ။ ညဘက်ဘယ်လောက်ပဲစောစောအိပ်အိပ် မနက်ကျရင်နိုးမလာတက်တာက အကျင့်တစ်ခုလိုတောင်ဖြစ်နေပြီ ။ 

ရထားစီးပြန်တော့လည်း နှာဘူးကောင်နဲ့ဆုံရပြန်သေးတယ် ။ လူကြပ်နေတာကို အခွင့်ကောင်းယူပြီး သူ့ကိုအသားယူတယ်လေ ။ ယောက်ျား ၊မိန်းမတောင် မခွဲခြားနိုင်ရအောင် မျက်လုံးတွေက ကန်းနေပြီထင်ပါရဲ့ ။ ရှောင်ကျန့်ဆိုတဲ့သူကလည်း ငြိမ်ခံနေတက်တဲ့လူမှမဟုတ်တာ ။ အဲ့ဒီတော့အဲ့ဒီနှာဘူးကောင်ရဲ့ခွကြားကို လက်ထဲမှာကိုင်ထားတဲ့ ထီးရိုးနဲ့ပိတ်ထိုးလိုက်တာပေါ့ ။ ငြိမ်ခံပြီးတိတ်နေမဲ့ လူစားမျိုးမှမဟုတ်ပဲ ။

ကျောင်းထဲရောက်ပြန်တော့လည်း အသားကုန်မောင်းချလာတဲ့ အနီရောင်ပြိုင်ကားတစ်စီးကြောင့် မြေပြင်ကရေတွေက သူ့တစ်ကိုယ်လုံးကို လာစင်ကုန်တယ် ။ မိုးရာသီက အဲ့ဒီတစ်ခုတော့မကောင်းဘူး ။ ရှောင်ကျန့်က တလိပ်လိပ်ထွက်လာတဲ့ ဒေါ်သတွေကိုမျိုသိပ်ပြီး ဆရာများနားနေခန်းကိုသွားကာ အဝတ်ပြန်လဲဖို့ ဆုံးဖြတ်လိုက်တယ် ။ သူ့ကို ပိုပြီးဒေါ်သထွက်သွားစေတာကတော့ သူရဲ့စားပွဲတစ်ခုလုံးက ပစ္စည်းတင်လို့မရအောင်ပင် ပန်းတွေ၊စာအိတ်တွေနဲ့ပြည့်နှက်နေတာပဲ ။

ရှောင်ကျန့်က ချုံရင်းတက္ကသိုလ်မှာ စိတ်ပညာဘာသာရပ်ကို သင်ကြားနေတဲ့ဆရာတစ်ယောက် ။ ချောမောလှပတဲ့ရုပ်ရည်ကြောင့် လုပ်ဖော်ကိုင်ဖက်တွေကြားမှာ နာမည်ကြီးတယ် ။ သူရဲ့စာသင်ချိန်​တွေဆို ကျောင်းသား၊ကျောင်းသူတွေနဲ့ အမြဲပြည့်နှက်နေတက်တယ် ။ စာလာသင်တာတော့မဟုတ် ။ တစ်ရာမှာရှစ်ဆယ်လောက်က သူ့ကို လာငေးကြတဲ့လူတွေကြီးပဲ ။ မကြာခဏလည်း ကျောင်းသားတွေစီက ဖွင့်ပြောခံရလွန်းလို့ စိတ်ကုန်နေပြီ ။

ဒီနေ့တော့သူရဲ့အတန်းထဲမှာ သူတစ်ခါမှမမြင်ဖူးတဲ့ မျက်နှာသစ်ကျောင်းသားတစ်ယောက်လည်းရှိနေသေးတယ် ။ အဲ့ဒီကျောင်းသားက သူဝင်လာတည်းက သူ့ကို ​တောက်လျှောက်ကြည့်နေခဲ့တာ ။ မသိချင်ယောင်ဆောင်နေပေမဲ့ ဆက်တိုက်ကြည့်နေတော့ နေရခက်လာတယ် ။ တစ်ခြားကျောင်းသားတွေတောင် သူ့ကို အဲ့ဒီလောက်အထိ စိုက်မကြည့်ကြဘူး ။

Found You { Who Am I } [ Completed ] Where stories live. Discover now