''3''

7.7K 1.1K 20
                                    

ရှောင်ကျန့်က အိမ်ပြန်ရောက်တာနဲ့ ကုတင်ပေါ်လှဲချပစ်လိုက်တယ် ။ အရမ်းပင်ပန်းတာပဲ တစ်ခါမှဒီလောက်အထိ မပင်ပန်းဖူးဘူး ။ ဒီနေ့ကျမှကွက်ပြီးပင်ပန်းနေတာ ။ အဲ့ဒီနောက်မှာတော့ ရှောင်ကျန့်က ရေချိုးခန်းထဲဝင်ကာ ရေပန်းကိုဖွင့်ချလိုက်တယ် ။ ဗွက်တွေစင်ထားတဲ့အတွက် သူရဲ့ကိုယ်ကညစ်ပတ်နေတယ် ။

ရှောင်ကျန့်က ရေပန်းအောက်ဝင်လိုက်ပြီး သူ့ကိုယ်ပေါ်အညစ်အကြေးတွေကို ဆေးကြောပစ်လိုက်တယ် ။ ဟူး!! ဒီလိုသာနေ့တိုင်းဖြစ်နေမယ်ဆိုရင် သူတော့မလွယ်ဘူး ။ ဝါသနာအရစာသင်နေပေမဲ့ ပင်ပန်းလာလို့ရှိရင်တော့ ရပ်ပစ်လိုက်ရမှာပဲ ။ ခါးမှာတပတ်ပတ်လိုက်ကာ အပြင်ဘက်ကိုထွက်လာခဲ့တယ် ။ ​ခေါင်းပေါ်ကဆံပင်တွေကို ရေခြောင်အောင်သုတ်နေတုန်း မှန်ထဲမှာရုတ်တရက်မြင်လိုက်ရတဲ့ ဝမ်ရီပေါ်ရဲ့မျက်နှာကြောင့် ထခုန်မိတက်လန့်ဖြတ်သွားတယ် ။

နောက်တစ်ခေါက်ပြန်ကြည့်လိုက်တော့ မတွေ့ရတော့ ။ မှားမြင်မိတာများလား? ။ ရှောင်ကျန့်က မျက်ခုံးတွေတွန့်ချိုးသွားတယ် ။ အဲ့ဒီနောက်အခန်းတံခါးတွေကို ​သေချာလိုက်ပိတ်လိုက်ပြီး မွေ့ယာထဲဝင်ကာ မိုးအေးအေးနဲ့ကွေးနေလိုက်တယ် ။ အရမ်းအိပ်ချင်တာပဲ ။ ရှောင်ကျန့်က အိပ်ပျော်သွားတဲ့အတွက် သူ့ကိုစိုက်ကြည့်နေတဲ့ အနီရောင်မျက်ဝန်းတစ်စုံကို မမြင်နိုင်ခဲ့ချေ ။

သူပြန်နိုးလာတဲ့အချိန်က မိုးတောင်ချုပ်နေပြီ ။ နာရီကိုကြည့်လိုက်တော့ ရှစ်နာရီ ။ အဲ့ဒီလောက်တောင် အိပ်ပျော်သွားခဲ့တာလား ။ ရှောင်ကျန့်က ဟင်းချက်ဖို့ပြင်ရတော့တယ် ။ နေ့လည်ကစိတ်တိုနေတာမို့ ဘာမှစားမထားတဲ့အတွက် သူ့ဗိုက်တွေက တဂွီဂွီအော်ပြီးအချက်ပေးနေတယ် ။ အဲ့ဒီအချိန်မှာပဲ သူရဲ့ဖုန်းကထမြည်လာတယ် ။

" ရှောင်ကျန့် မင်း Dream Barကိုလာခဲ့ပါလား ။ ဒီမှာငါတို့အားလုံးက ပါတီကျင်းပမလို့ ''

" ငါမလာဖြစ်.... ''

" လာခဲ့စမ်းပါကွာ ။ မင်းတစ်ယောက်တည်းပဲ ကျန်တော့တာ ''

ရှောင်ကျန့်က ငြင်းဖို့ပြင်လိုက်ပေမဲ့ တစ်ဖက်ကအတင်းဆိုလာတဲ့အတွက် လက်ခံလိုက်ရတော့တယ် ။ အားနာစရာတွေဖြစ်မှာမလိုချင်ဘူး ။

Found You { Who Am I } [ Completed ] Where stories live. Discover now