ရှောင်ကျန့်က အမှန်တရားတွေသိပြီးသွားတဲ့နောက်မှာတော့ ဝမ်ရီပေါ်ကိုလိုက်ရှာခဲ့တယ် ။ ဒါပေမဲ့ဘယ်မှာမှရှာလို့မတွေ့ခဲ့ဘူး ။ ဝမ်ရီပေါ်က သူ့စကားကို တကယ်နားထောင်သွားခဲ့ပြီ ။ ရှောင်ကျန့်က အရမ်းဝမ်းနည်းလာတယ် ။ သူကြောက်တယ် ။ ဝမ်ရီပေါ်ကို မတွေ့ရတော့မှာကြောက်တယ် ။ မဖြစ်ဘူး! သူစိတ်လျော့လိုက်လို့မဖြစ်ဘူး ။ ဝမ်ရီပေါ်ကိုလိုက်ရှာရမယ် ။ ဝမ်ရီပေါ်ကို တောင်းပန်ရမယ် ။
ဝမ်ရီပေါ်က သူ့ကိုချစ်တယ်လို့ပြောတယ် ။ ဝမ်ရီပေါ်က သူ့ကိုထားခဲ့မှာမဟုတ်ဘူး ။ သူရဲ့အနားမှာပဲရှိနေနိုင်တယ် ။ ရှောင်ကျန့်က ချောင်ကွမ်စီသွားကာ ဝမ်ရီပေါ်ရဲ့အကြောင်းတွေကို မေးဖို့ဆုံးဖြတ်လိုက်တယ် ။ ချောင်ကွမ်ကတော့ ဝမ်ရီပေါ်ဘယ်မှာရှိနေလဲဆိုတာ သိနေနိုင်တယ် ။
" ရှောင်ကျန့် မင်းဘာလို့ဒီလောက်ခေါင်းမာနေရတာလဲ ? ။ သူကဗန်ဗိုင်းယား မင်းကလူသားတစ်ယောက် ။ မင်းတို့ကဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ။ သူတောင် မင်းကိုထားပြီးထွက်သွားသေးတာပဲ ။ မင်းက ဘာလို့လိုက်ရှာနေရတာလဲ ။ သူ့ကိုမေ့လိုက်တော့ ။ သူ့ကိုမေ့ပစ်ပြီး မင်းရဲ့ဘဝကိုအစကနေပြန်စလိုက်တော့ ။ ''
" ဟင့်အင်း! ငါမလုပ်နိုင်ဘူး ငါမလုပ်နိုင်ဘူး ချောင်ကွမ် ။ ငါ သူ့ကိုချစ်တယ် ။ ငါ သူ့အနားမှာပဲနေချင်တော့တယ် ။ ငါတောင်းပန်ပါတယ် ငါ့ကိုပြောပြပေးပါ ။ သူ့ဘယ်မှာရှိနေလဲဆိုတာကို မင်းသိထားတယ်မလား ။ ငါ့တောင်းပန်ပါတယ် ငါ့ကို သူ့စီခေါ်သွားပေးပါ ။ အဟင့်! ငါ သူ့ကိုတွေ့ချင်တယ် ။ ကျေးဇူးပြုပြီး ငါ့ကို သူ့စီခေါ်သွားပေးပါ ''
ရှောင်ကျန့်က ကလေးတစ်ယောက်လိုငိုနေခဲ့တယ် ။ ချောင်ကွမ်က သက်ပြင်းချလိုက်ပြီး ရှောင်ကျန့်ရဲ့မျက်ရည်တွေကို သုတ်ပေးလိုက်တယ် ။
" မငိုနဲ့တော့ ငါ မင်းကို သူ့စီလိုက်ပို့ပေးမယ် ဟုတ်ပြီလား? ။ ''
ရှောင်ကျန့်က အဆက်မပြတ်ခေါင်းငြိမ့်လိုက်တယ် ။ ချောင်ကွမ်က သူ့ကိုကတိပေးထားတဲ့အတိုင်း ဝမ်ရီပေါ်ရှိတဲ့နေရာကိုလိုက်ပို့ပေးခဲ့တယ် ။ အဲ့ဒီနေရာကအတိတ်ဘဝတုန်းက သူနေခဲ့တဲ့နေရာလေးပဲ ။ သူဘာလို့မစဉ်းစားမိခဲ့ရတာလဲ ။ ဝမ်ရီပေါ်က ဒီနေရာမှာရှိနေနိုင်တာကို ။
YOU ARE READING
Found You { Who Am I } [ Completed ]
FanfictionStart Date - 15 May 2021 End Date - 11 Jun 2021 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]