UNICODE
"ဖိနပ်ပြတ်သွားတာလား...?"
ကြည်လင်ပြတ်သားတဲ့အသံတစ်ခုကြောင့် စောနရီခေါင်းမော့ကြည့်လိုက်မိ၏။
ရှေ့တွင်ရပ်နေသောလူ၏ရုပ်အင်္ဂါရပ်ကိုမြင်လိုက်ရချိန်တွင် စောနရီသည် တဒင်္ဂမျှမှင်သက်သွားရလေသည်။
မဖြူလွန်းမညိုလွန်းတဲ့အသားအရေက တင်စားပြီးပြောရလျှင် ရွှေဝါရောင်ဝင်းနေသည်။ နှုတ်ခမ်းတင်းတင်းစေ့၍ပြုံးနေပုံက နူးညံ့မှုကိုပုံဖော်သည့်ဟန်။ ထိုနူးညံ့မှုသည် မျက်လုံးမှာပါထင်ဟပ်၏။မျက်နှာတစ်ခုလုံးကိုခြုံပြောရလျှင် အေးချမ်းမှုကိုဆောင်သည့်အသွင်ပေ။"အင်းဖိနပ်ပြတ်သွားတာပဲ!"
ဒုတိယအကြိမ်မြောက်စကားကြားလိုက်တော့မှ စောနရီအသိပြန်ဝင်လာလေသည်။
"ဟုတ်..ဟုတ်ကဲ့!ဟုတ်ပါတယ်"သူ့ရှေ့ကလူက ပြုံးသည်။ယဲ့ယဲ့လေး ပြုံးတာမဟုတ်ဘဲ စိတ်လိုလက်ရကိုပြုံးသည်။
"ဒါဆို ဖိနပ်ချွတ်လိုက်လေ!မောင်ပြင်ပေးမယ်!"သူ အယောင်ယောင်အမှားမှားဖြင့် ဖိနပ်ကို စုံလိုက်ချွတ်မိသည်။
ထိုလူကသူ့ရှေ့တွင် ထိုင်ချပြီး ဖိနပ်ကို တွယ်ချိတ်နဲ့ဆက်ပေးနေသည့်အချိန်တွင် စောနရီသည် ငူငူကလေးရပ်ကြည့်နေမိ၏။"ကဲ ရသွားပြီ!ရော့ ဒီဖိနပ်ကိုစီးသွား!"
ပြောရင်း ဖိနပ်ချွတ်ပေးလာသည့် အမည်မသိလူသားသည် ရက်ရောလွန်းလှသည်။
သူမငြင်းနိုင်ခင်မှာပဲ ထိုလူက ဖိနပ် အစုတ်လေးကို စီးကာ ထွက်သွားလေသည်။
မသွားခင် သူ့ပုခုံးကို ပုတ်ကာ ခပ်တိုးတိုးပြောသွားသေး၏။
"ပထမဆုံးနေ့ဆိုတော့ ကောင်းကောင်းလျှောက်ရမှာပေါ့" တဲ့...အချိန်တစ်ခုကြာသည်အထိ ထွက်သွားသော ကျောပြင်ကလေးကို သူရပ်ပြီးကြည့်နေမိသည်။ကျေးဇူးတင်စကားမဆိုလိုက်ရသည့်ဖြစ်ရပ်တွင် သူသတိထားမိလိုက်တာက "မောင်"
ဆိုသည့်နာမ်စားကလေးပင်။
ထိုနေ့ကစပြီး စောနရီသည် သူစိမ်းတစ်ဦးကို ဘဝထဲသိသိသာသာဆွဲသွင်းခဲ့လေသည်။
ထိုအရာသည် သူ့ရဲ့တစ်ဖက်သတ်မျှသာ။•••••••
ပြတ်လုဆဲဖိနပ်ကိုထိန်းစီးလျက် အဓိပတိလမ်းမကနေ မာလာဆောင်ကန်တင်းဘက်ကို ရောက်လာသူမှာ နွေဦးမောင်ဖြစ်သည်။
YOU ARE READING