Unicode
ကလင်ကလင်....
ဖုန်းသံကဆက်တိုက်မြည်နေစဉ်မှာပဲ အောက်ထပ်မှာ လူမရှိ။ ခင်စံပယ်ညိုက အပေါ်ထပ်ကနေ ခပ်သွက်သွက်ဆင်းလာသည်။အပြင်သွားဖို့ရန်ပြင်ဆင်ထားတာမို့ သူ့မျက်နှာက ခြယ်မှုန်းမှုအပြည့်။ လက်ဖောင်းအင်္ကျီနှင့် ခေါင်းလောင်းဘောင်းဘီလေးကို တွဲဝတ်ထားပုံက သူ့ကို ဆယ်ကျော်သက် အရွယ်လိုထင်မှတ်စေနိုင်သည်။
"ဟယ်လို အမိန့်ရှိပါ"
"ဟယ်လို အမိန့်ရှိပါ!!!"
တစ်ဖက်မှတိတ်ဆိတ်နေတာမို့ ခင်စံပယ်ညို အသံကိုထပ်မြင့်လိုက်သည်။
ထိုအခါမှ တစ်ဖက်မှ ခပ်တိုးတိုးအသံထွက်လာသည်။
"ဟုတ်ကဲ့ ကိုနွေဦးမောင်နဲ့စကားပြောချင်လို့ပါ"ခင်စံပယ်ညိုသည် အသံကြားလိုက်သည်နှင့် ဇဝေဇဝါဖြစ်သွားသည်။မျက်ခုံးအစုံက ပင့်တက်သွားကာ အိမ်ပေါ်ထပ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ဘယ်သူမှဆင်းမလာသေးတာမြင်မှ ခပ်ညစ်ညစ်အသံဖြင့်
"အခုပြောနေတာဘယ်သူလဲ""စောနရီလို့ပြောလိုက်ရင်ရပါတယ်ဗျ"
ထိုနာမည်ကိုကြားသည်နှင့် မကြည်မလင်ဖြစ်သွားဟန်က ရန်သူသဖွယ်။
"ဖုန်းမှားနေပါတယ်"
"ခင်ဗျာ.. မမှားဘူးထင်တယ်ဗျ၊ ဒါသူပေးထားတဲ့ နံပါတ်.."
"ဟဲ့ ဘယ်က ကလေကချေလဲ! ဖုန်းမှားနေတယ်လို့ပြောနေတာကို။နောက်ထပ်မဆက်ပါနဲ့။ ရှင့်ကို အချိန်ပေးဖို့ ကျွန်မတို့အဲ့လောက်မအားဘူး"
"ဗျာ!ဟုတ်ကဲ့ ဟုတ်ကဲ့။တောင်းပန်ပါ.."
ခင်စံပယ်ညိုသည် အဆုံးထိနားမထောင်တော့ဘဲ ဖုန်းကို ကြမ်းတမ်းစွာ ချလိုက်၏။ဒေါသကြောင့်သူ့မျက်နှာက သုန်မှုန်နေစဉ်မှာပဲ နောက်ကျော လှေကားကနေ ဆင်းလာသည့်ပန်းဦးက လှမ်းခေါ်လိုက်တာမို့ ဆတ်ခနဲပင်တုန်သွားရသည်။
"ဘယ်သူဆက်တာမို့ အဲ့လောက် ရင့်သီးနေတာလဲ"
ခင်စံပယ်ညိုက ပန်းဦး နောက်တွင်ပါလာသော ဒေါ်ရင်ရင်လတ်နှင့်နွေဦးမောင်ကိုတွေ့လိုက်တာကြောင့် မျက်နှာကို ပြင်ပြီး ခပ်ပြုံးပြုံးဖြင့်
YOU ARE READING