{၁၄}U/Z

104K 11K 2.4K
                                    

Unicode

"မင်းကဇာတ်လမ်းတွေရှိခဲ့ဖူးတာပဲ!"

"အဲ့တာက ဇာတ်လမ်းမဟုတ်ဘူး။ အဲ့လိုဖြစ်ပါစေလို့ ဘယ်သူကမှကြိုမရေးခဲ့ဘူး"

နွေဦးမောင်နှင့်ဇေရဲ၏အဆောင်ခန်းသို့ လွန်းနောင်နှင့်မဂ္ဂပါရောက်နေသည်။ အကြောင်းကတော့ တစ်နေ့ကတွေ့ခဲ့သည့် လူစိမ်းနှင့် ပတ်သက်ပြီး သိလိုသည်များကိုလာစပ်စုခြင်းဟုဆိုရမည်။နွေဦးမောင်က သူ့မှာ သူငယ်ချင်းတွေထပ်ရှိကြောင်းကို သူတို့အုပ်စုစကားဝိုင်းတွင်တစ်ခါမှထုတ်မပြောဖူးပေ။
စကားဝိုင်းတစ်ခုတွင် ပြောသူ၊နားထောင်သူ၊ပြောလည်းပြော နားလည်းထောင်သည့်လူ အမျိုးအစားများရှိသည်။
နွေဦးမောင်ကတော့ နားထောင်သူ။
လွန်းနောင်ကတော့ ပြောလည်းမပြော၊နားထောင်ချင်မှလည်းနားထောင်သည့်လူ။
မဂ္ဂနှင့်ဇေရဲသာအမြဲဦးဆောင်ပြီးပြောသည့်လူ။

မဂ္ဂက ဇေရဲ၏ခုတင်ပေါ်တွင်ကျောမှီအိပ်နေရင်း သူ့ကိုကျောပေးကာ တင်ပါးလွှဲထိုင်နေသည့် လွန်းနောင်ကို အကြည့်မခွာဘဲ နွေဦးမောင်ကိုလှမ်းပြောပြန်သည်။
"ထားပါ။ အဲ့သည့်ခင်လွှမ်းဆိုတဲ့တစ်ယောက်ကကော"

ဇေရဲကပါ စိတ်ဝင်တစားဖြင့်နွေဦးမောင်ကိုလှမ်းကြည့်သည်။လွန်းနောင်ကလည်းတိတ်တိတ်လေးနားထောင်နေဟန်။

"ပျောက်သွားတယ်!"

"ဟင်.."

"ဘယ်လိုဖြစ်ပြီးတော့လဲ?"

နွေဦးမောင်၏မျက်နှာက သိပ်ပြီးမလန်း။ ထောင့်ကျကျ နှုတ်ခမ်းကိုတင်းတင်းစေ့ထားဟန်က တစ်ခုခုကို မြိုသိပ်ထားဟန်ရှိသည်။ စာရေးစားပွဲကိုမှီရင်းမျက်နှာလွှဲထားသည်မို့ သူ့မျက်လုံးကိုဖတ်မရ။

"ငါ့ကိုလာတွေ့ပြီး သူမန္တလေးကိုပြန်မရောက်လာဘူးတဲ့!"

လွန်းနောင်ကလည်း အတော်လေးစိတ်ဝင်စားလာဟန်ရှိသည်။မဂ္ဂက ရှေ့တိုးထိုင်ပြီး သူ့ပုခုံးပေါ်အနောက်ကနေ မေးတင်ထားသည်ကိုပင် ပုတ်ချခြင်းမပြု။ လွန်းနောင် အကြောင်းအရာတစ်ခုကိုစိတ်ဝင်စားနေလျှင်မဂ္ဂအကြိုက်တွေ့သည်။ သူ့ပါးကိုနမ်းလျှင်တောင်သိမည်မဟုတ်။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now