{၄၄}U/Z

78.9K 8.9K 378
                                    

Unicode

ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်သည် တိတ်ဆိတ်မှု အပြည့်။ ရံဖန်ရံခါမှသာ တစ်ချက် တစ်ချက် စာရွက်လှန်သံကိုကြားရသည်။
ညနေစောင်းပြီမို့ စာကြည့်တိုက်ပိတ်ချိန်ကား ရောက်လာခဲ့ပြီ။စာကြည့်တိုက်မှူးသည် လူကွယ်ရာတွင် ထိုင်လျက် သတင်းစာကို အားစိုက်ဖတ်နေသည့် တစ်ဦးတည်းသော ကျောင်းသားထံ ခြေသံလုံလုံဖြင့်သွားလိုက်သည်။
စာကြည့်တိုက်မှာ အနေများသည်မို့ အပြုအမူတွေက ညင်သာ တိုးတိတ်နေသည်မှာ အကျင့်တစ်ခုနှယ်။

"နွေဦးမောင်...!"

နွေဦးမောင်သည် ပုခုံးကို လှမ်းတို့ခံလိုက်ရသည်မို့ ဆတ်ခနဲဖြစ်သွားပေမဲ့ စက္ကန့်မလပ်အသိပြန်ကပ်လာသည်။
"ဗျာ။ ဆရာမ .. ဘာခိုင်းမို့လဲဗျ"

"မခိုင်းပါဘူး။ Library  ပိတ်ချိန်ရောက်နေပြီလေ။"

ထိုအခါမှ နွေဦးမောင်သည် နာရီကို ငုံ့ကြည့်မိသည်။
"ဟုတ်သားပဲ။ စာထဲ ဈာန်ဝင်သွားတာ။ အခုပဲသိမ်းလိုက်ပါ့မယ်။"

စာကြည့်တိုက်မှူးက အချိန်အကန့်အသတ်ကြောင့် စိတ်ပျက်သွားဟန်ရှိသော နွေဦးမောင်ကိုကြည့်ကာ
"စာဖတ်ချင်သေးရင် နောက်နာရီဝက်လောက်နေလိုက်။အဲ့ထက်တော့နောက်မကျစေနဲ့​ေနာ်။ပြတင်းပေါက်တွေကအကုန်စစ်ပြီးသား၊တံခါးမကြီးကိုသာလုံအောင်ပိတ်ခဲ့၊ ​ြပီးရင်သော့ကို ဆရာဦးမျိုးသီဟဆီမှာသွားပေးလိုက်။ မင်းကိုယုံပြီး အပ်ခဲ့မယ်နော်။စိတ်ပျက်အောင်မလုပ်ရဘူး။"

"စိတ်ချပါ။ ကျွန်တော်သေချာပိတ်ခဲ့မယ်။"

စာကြည့်တိုက်မှူး ထွက်သွားမှ နွေဦးမောင်သည် ဖတ်လက်စ သတင်းစာထံအာရုံပြန်စုစည်းလိုက်သည်။ သူဖတ်နေသောသတင်းစာ၊ဆောင်းပါးများသည် ယခုနှစ်ထွက်ရှိသော သတင်းစာများမဟုတ်ပါချေ။
လွန်ခဲ့သည့် ဆယ်နှစ်နီးပါးက စာဆောင်များဖြစ်သည်။

ဖတ်နေရင်းနှင့်လည်း နိုင်ငံရေးအခြေအနေများ၊ကိုပိုပြီးစုံစုံလင်လင်သိခဲ့ရသည်။ အထူးသဖြင့်  စောဟင်နရီ၏ ဆောင်းပါးများသည် လွန်စွာထက်သည်။ ဖတ်နေရင်းနှင့်ပင် မမြင်ဖူးသည့် ထိုလူအား လေးစားစိတ်များ ပေါ်ပေါက်စေသည်။
သတင်းစာတိုက်အကြောင်း စုံစမ်းရင်းနှင့် ရသမျှသတင်းစာအဟောင်းများ၊ဆောင်းပါးဟောင်းများကို ဝယ်လာခဲ့ခြင်းပင်။
လတ်တလောတွင် ထိုသတင်းစာတိုက် ပိုင်ရှင်အား စုံစမ်းနေပေမဲ့ အိမ်​လိပ်စာအရွေ့အပြောင်းကြောင့်ကြားတွင် လစ်လပ်နေခဲ့သည်။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now