Unicode
စာမေးပွဲဟာ တစ်ပတ်အတွင်းရောက်လာတော့မှာမို့ ကျောင်းသားတွေကလည်းခြေ ငြိမ်နေသည်။
တစ်ဖက်မှာလည်း စာကြည့်တိုက်တွင်အချိန်ဖြုန်းနေသော ကောင်လေးနှစ်ယောက်ရှိသလို တစ်ဖက်မှာလည်း နေ့တိုင်းကတောက်ကဆဖြစ်နေသော သူငယ်ချင်းနှစ်ယောက်ရှိသည်။
ဇေရဲသည် လွန်စွာမှ အနေကျပ်ရသည်။
မဂ္ဂနှင့်လွန်းနောင်ရန်ဖြစ်လျှင်ကြားထဲကလိုက်ညှိပေးရသည်။ ကြာလာတော့ သူလည်းစိတ်ကုန်စွာနဲ့ပဲလွှတ်ထားလိုက်သည်။ ကမ္ဘာကြီးသာလုံးရာကပြားသွားမည်။ မဂ္ဂနှင့်လွန်းနောင်ဟာ တည့်မည်မဟုတ်။
စာမေးပွဲမဖြေခင်တစ်ပတ်အလို ညနေခင်းတွင် သူတို့ ငါးယောက်အုပ်စု ဦးယမ်းဘီလူးဆိုင်တွင် အအေးသောက်ရင်း စာမေးပွဲဖြေရမည့်အခန်းနေရာကို ပြောနေကြသည်။
မေဂျာတူသည့်လူလောက်သာတစ်ဆောင်တည်းကျသည်။ မေဂျာမတူသည့်လူများက အဆောင်ကွဲသည်။
ထိုစဉ်မှာပဲ စာသောက်ဆိုင်အနီးကို ဆလွန်းကားအဖြူလေးက ထိုးရပ်လာသည်။ မည်သူမှမဆင်းလာပါပဲ လွန်းနောင်က ထိုကားကိုမြင်သည်နှင့် ထရပ်ကာ အိတ်ထောင်ထဲက ပိုက်ဆံကို ခုံပေါ်တင်လိုက်သည်။"ငါသွားစရာရှိလို့။"
လွန်းနောင်ဘေးတွင်ထိုင်နေသောမဂ္ဂက ထိုကားကို မှင်သေသေစိုက်ကြည့်ကာ အေးစက်စက်ပြော၏။
"သွားရဲသွားကြည့်လိုက်စမ်း!"
ရယ်ရယ်မောမော စကားပြောနေရာမှ ပြောင်းလဲသွားသည့်အခြေအနေကြောင့် ဇေရဲက သူတို့နှစ်ယောက်ကိုပြူးကြည့်သည်။
နွေဦးမောင်ကလည်းအခြေအနေကို တိတ်တဆိတ်စောင့်ကြည့်နေသည်။စောနရီကတော့ ဘုမသိဘမသိ ကြောင်တောင်တောင်လေး ကြည့်နေရှာသည်။"မဂ္ဂ ငါ ခင်ဗျားနဲ့ကစားဖို့အချိန်မရှိဘူး"
လွန်းနောင်ကခပ်ပြတ်ပြတ်ပြောကာ သူ့၏ ပအိုဝ်းလွယ်အိတ်ကို ဆတ်ခနဲကောက်ယူကာ ထိုကားပေါ်သို့တက်သွားလေသည်။
မဂ္ဂသည် အံကြိတ်ပြီးကျန်ခဲ့ရကား လွန်းနောင်အဆောင်ပြန်လာလျှင် ပြဿနာတစ်ခုခုဆက်ဖြစ်တော့မည်ဟု ဇေရဲတွေးလိုက်မိသည်။
ယခုအချိန်တွင် လွန်းနောင်ဘက်ကနေလိုက်ပြီးပြောလို့လည်းမဖြစ်။ မဂ္ဂအခြေအနေသည် နေရာမှာတင်ဝုန်းဒိုင်းကြဲတော့မည့်ဟန်ရှိနေသောကြောင့်ပင်။
တစ်ဝိုင်းလုံးတိတ်ဆိတ်သွားပြီး မကြာခင်မှာပဲ မဂ္ဂက စကားတစ်ခွန်းမှမဆိုဘဲ ထထွက်သွားသည်။ထိုအခါမှသာ ဇေရဲလည်းသက်ပြင်းမောကြီးချကာ
YOU ARE READING