Final

1.3K 107 2
                                    

"မင်းသားငယ်လေးရယ် ကံသီပေလို့ပေါ့ မယ်မယ်ဖြင့် မကြားဝံ့မနာသာရှိလိုက်တာ"

မယ်တော်မိဖုရားကြီးဟာ လာရောက်ဂါဝရပြုတဲ့ ကြင်ယာတော်မင်းသားငယ်လေးရဲ့ လက်လေးကိုခပ်ဖွဖွကိုင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း ဟိုကြည့်ဒီကြည့်ဖြင့်။

ဘေးနားမှာထိုင်နေတဲ့ သားတော်မင်းကြီးကလည်း ကြည်နူးနေသောမျက်ဝန်းများဖြင့်သာ ကြည့်ရှုနေသည်။

"မင်းသားငယ်လေး အဆိပ်မိထားတယ်ဆို သားတော် သမားတော်ကြီးရဲ့စမ်းသပ်ချက်ကရော ဘယ်လိုတဲ့လဲ"

"Byun လေးကအဆိပ်သောက်လိုက်တာတော့ဟုတ်တယ် ဒါပေမယ့်လေ အဆိပ်ကမမိဘူး မယ်မယ်ဖုရားရဲ့"

"ဘယ်လို ဘယ်လို"

"ဟီးဟီး ဒါကဒီလိုရှိတယ် မယ်မယ်ဖုရားရဲ့"

ပြုံးစိစိဖြင့် ဘေးနားကမင်းကြီးကိုကြည့်လိုက် ရှေ့ကမယ်မယ်ကိုကြည့်လိုက်နှင့်လုပ်နေတဲ့ ကြင်ယာတော်လေးကြောင့် မင်းကြီးမှာမျက်ခုံးခပ်လှုပ်လှုပ်။

"Byun လေးကလေ ပွဲတော်တည်ပြီးတော့ မက်မွန်သီးအာသီသဖြစ်နေတာနဲ့ နန်းတော်မြောက်ဖက်ကမက်မွန်ပင်ကြီးကနေ မက်မွန်သီးစားတာမင်းကြီးရာ..."

စိတ်ဝင်တစားနဲ့နားထောင်နေတဲ့မင်းကြီးကြောင့်  လျှာလေးသပ်ကာဖြင့်ဆက်ပြောသည်။

"အဲ့မက်မွန်သီးက မမှည့်သေးတော့ ချဥ္တယ်လေ ပွဲတော်တည်တုန်းက အချဥ္အရသာကဲတဲ့ဟင်းပွဲတွေနဲ့ညလည်လည်းရောက်ရော ဗိုက်ထဲစစ်ပွဲတွေဖြစ်ပါလေရော"

Chanyeol မင်းကြီးမှာ ရယ်ရခက်ငိုရက်ခက်ဖြစ်နေသလောက် မယ်မယ်ကတော့သဘောတကျကိုပြုံးနေလေသည်။

"ဟီး သောက်မိတဲ့အဆိပ်တောင်အစွမ်းမပြရသေးဘူး ကိစ္စကအရင်ဖြစ်သွားတော့ အဆိပ်ကဘယ်လိုဖြစ်သွားလည်းမသိတော့ပါဘူး။ ပြီးတော့ တွင်းကြီးတစ်ခုတည်းပြုတ်ကျသွားရော"

"တွင်း ဟုတ်လား"

"ဇာမဏီဆောင်အနောက်ဘက်ကတွင်းကိုပြောတာလား မင်းသားငယ်လေး"

"ဟုတ်"

Chanyeol မင်းကြီးမှာတော့ အထူးအဆန်းသဖွယ်ဖြစ်ကာ စဥ္းစားရခက်နေသည်။

Consort ByunWhere stories live. Discover now