♤17♤

2.8K 368 64
                                    

မွှေးရနံ့များထုံသင်းနေသောရေနွေးကန်ရေပြင်ထက်ဝယ် ချယ်ရီပွင့်ဖတ်များအားခြွေချထားကာ အလင်းတိုင်အချို့နှင့် နေရာယူထားသော ချိုးရေတော်အဆောင်။

ပါးလွှသော မှန်ဇာ လိုက်ကာများသည်လည်း ကန်ရေပြင်ပတ်ပတ်လည်၌ တစ်လွှာချင်းထပ်လျှက် ကာကွယ်ထားပြန်ပေသည်။

ပူးနွေးသောအငွေ့ရိုက်နေသည်က ခြွေချထားသောပန်းရနံ့ကို ပို၍ထုံသင်းစေလေရဲ့။

ခန်းမဆောင်၏ထောင့်တစ်နေရာကခုံတန်းပေါ်တွင်တော့ မင်းကြီးဆင်မြန်းလေသည့်ရွှေရောင် နဂါးဝတ်ရုံကြီးနှင့် နဂါးဆံထိုးတို့ကို လျော့ရဲစွာတွေ့မြင်ရပေလိမ့်မည်။

ထို့အတူ ကြင်ယာတော်လေး၏အရောင်ခပ်နုနု ပိုးဝတ်ရုံလေးသည်လည်း ဘေးနားတွင်အခန့်သားတည်ရှိ နေပေလိမ့်မည်။

လူသူကင်းမဲ့ခြင်းနှင့်ပြည့်စုံနေသော ချိုးရေတော်ကန်အတွင်း၌ ရေများသည် တည်ငြိမ်ခြင်းလမ်းစဉ်၌ ရှိမနေတော့ပါချေ။

အဘယ့်ကြောင့်ဆိုသော် ကြင်ယာတော်လေးအား လိုသလိုပုံသွင်ခြင်းအမှု့အားဆောင်ရွက်နေလေသော မင်းကြီးကြောင့်ပင် ဖြစ်ပါလေသည်။

ဘောင်ဘင်ခတ်နေသော ကန်ရေပြင်ကြောင့် ချယ်ရီပန်းဖတ်တို့သည်လည်း ဝတ်ရုံမဲ့ခန္ဓာကိုယ်သို့သာ ဦးတည်ခိုနားကုန်၏။

ရေငွေ့အချို့ကြောင့်သည်လား ရှက်သည်းဖိုသည်ကြောင့်လား မသည်းကွဲသော ကြင်ယာတော်လေး၏ မျက်နှာတော်နုနုတို့သည် ပန်းနုရောင်အသွင်သို့ကူးပြောင်းနေလေပြီ။

ထုံးဖွဲ့ထားသောဆံသားတို့သည် ဖြည်ချထားသည်ကြောင့် ရေမှုန်ရေမွှားတို့ကပ်ငြိနေကာ အရိုင်းပန်းတစ်ပွင့်လို လှချင်တိုင်း လှနေပါ၏။

"Byun လေး....."

တိုးလျှသောလေတိုးသံသာသာ သာရှိသော မင်းကြီးခေါ်ဝေါ်မှု့အား နန်းဆန်စွာ ဆူပုတ်ပုတ်နှင့် လှည့်ကြည့်လာလေသော ကြင်ယာတော်လေး။

"ဟား! အဲ့လိုကျောပေးထားပြီးဝေးဝေးကိုပြေးတော့ရော လွတ်မှာလား Byun ငယ်ရာ"

ကန်ဘောင်အစပ်အားကျောမှီထားကာ ပြီတီတီအပြုံးကြီးနှင့်မိန့်ကြားလာသော မင်းကြီးစကားအား နှာခေါင်းရှုံ့ကာ မျက်မှောင်ကြုတ်လျှက် ထောက်ခံလာလေသော ကြင်ယာတော်လေးပါလေ။

Consort ByunWhere stories live. Discover now