♤1♤

8K 630 14
                                    

^ကြင်ယာတော်မင်းသားငယ်!!!!!^

ဂျိုဆွန်းနန်းတော်တစ်ခွင် ပြဲပြဲဆင်ကာ ရှန့်ကုန်းများ အထိန်းတော်များ ရံရွေတော်များ နှုတ်မှထိုအသံသာထွက်လာလေရဲ့။

အသက်အရွယ်အားဖြင့် ၁၉ နှစ်အရွယ်သာရှိသေးသော ကြင်ယာတော်မင်းသားငယ်၏ ငြိမ်ငြိမ်နေတက်သည်ဆိုသည်မှာ အိပ်ဆောင်ဝင်သည့်အချိန်သာဖြစ်သည်။

အမြဲလိုလိုအထိန်းတော်များတစ်ကောက်ကောက်လိုက်ကာ ထိန်းနေရသည့်သူမှာ Chanyeol မင်းကြီး၏ အသက် ကြင်ယာတော်မင်းသားငယ် Byun လေး သာဖြစ်ပေသည်။

ယခုဖြစ်နေသောပြဿနာမှာ တော်ဝင်မက်မွန်ပင်ထက်ဝယ် မိန့်မိန့်ကြီးထိုင်ကာ မက်မွန်သီးများအား အားရပါစားသောက်နေသော ကြင်ယာတော်မင်းသားငယ်ကြောင့်ပင်ဖြစ်သည်။

Chanyeol မင်းကြီးသာသိလျှင် အထိန်းတော်များ ခေါင်းနှင့်ခန္ဓာ အိုးစားကွဲမည်သာဖြစ်သည်။

"ကြင်ယာတော်မင်းသားငယ် အန္တရာယ်များပါတယ် ဆင်းတော်မူပါ.... အရှင်မင်းကြီးသိသွားလျှင် ကျွန်တော်မျိုးတို့ ပစ်ဒဏ်သင့်ပါ့မယ်"

ကြင်ယာတော်မင်းသားငယ်မှာတော့ အရေးတောင်မလုပ် စားနေသည်မှာပင်ရပ်လို့မသွားချေ။

မင်းကြီးကအစ မယ်တော်ကြီးအဆုံး ချစ်ခင်ကြသည့် ကြင်ယာတော်မင်းသားငယ်က မည်သူမျှမကြောက်ပေ။

သို့သော် Chanyeol မင်းကြီးထံမှ အိပ်ဆောင်တော်သွင်းမည်ဟူသော စကားကိုတော့ ကြောက်သည်လေ။

ငယ်ရွယ်သေးလှသော ကြင်ယာတော်မင်းသားငယ်အား လက်ဆက်ကာ မယ်တော်ကြီးအမိန့်ဖြင့် အိပ်ဆောင်တော် မသွင်းသေးခြင်းပင်ဖြစ်သည်။

Chanyeol မင်းကြီးမှာတော့မစားရ အညော်ခံဘဝဖြင့်သာနေနေရသည်လေ။

"ကြင်ယာတော်မင်းသားငယ် သုံးဆောင်ဖို့ ကျွန်တော်မျိုးတို့ခူးပေးပါ့မယ်ဘုရား အခုဟာက အရမ်းအန္တရာယ်များ လွန်းပါတယ် ဆင်းတော်မူပါ"

"အထိန်တော်ကြီးတို့ရဲ့ အခုလို ခူးစားမှပိုအရသာရှိတာဗျ"

တစ်လုပ်ပြီးတစ်လုပ် အရသာခံစားနေသော ကြင်ယာတော်မင်းသားငယ်မှာ ပြုံးရွှင်လျက်ပင်။

Consort ByunWhere stories live. Discover now